ဆောနူးမာမားနဲ့အတူမနက်စာစားပြီးတော့ သင်တန်းကိုထွက်လာခဲ့သည်။
"ဝါးးး ရာသီဥတုကြီးကအမြဲသာယာနေတာပဲ နေလို့ကောင်းလိုက်တာ"
သာယာလှလွန်းတဲ့ရာသီဥတုနှင့်အတူကျွန်ေတာ့်စိတ်တွေလည်းတော်တော်လေးတက်ကြွလန်းဆန်းနေသည်။
"အော့ မေ့တော့မလို့ Tulip ဝင်ဝယ်ရဦးမယ်"
သူကtulipပန်းတွေကိုအရမ်းသဘောကျတဲ့လူမဟုတ်လား
ဒါကြောင့် ကျွန်တော်ကသင်တန်းကစားပွဲမှာအမြဲ tulip ကိုပန်းအိုးလေးနှင့်ထားတက်သည်။ဈေးလာတဲ့လမ်းတစ်လျှောက်လုံးမျက်နှာထက်တွင်အပြုံးလေးများဝေဆာလို့နေသည်။
ဆောနူးတစ်ယောက် ခုန်စွခုန်စွလေးနှင့် tulip ပန်းဆိုင်သို့ဦးတည်လာခဲ့လိုက်ေတာ့သည်။
.
.
.
.
.
.
မနက်ခင်းငှက်ကလေးတွေရဲ့ တေးဆိုသံနှင့်အတူ မျက်နှာပေါ်ကိုဖြာကျလာသောနေရောင်ဖျော့ဖျော့ကြောင့် နီခီအိပ်နေရာကနေ နိုးထလာသည်။ဖုန်းကနာရီအားတစ်ချက်ကြည့်လိုက်တော့ 8နာရီရှိပြီဖြစ်သည်။
အချိန်လည်းမစောတော့တာဖြစ်တဲ့အတွက် ကျွန်တော်လည်း အိပ်ယာမှထကာရေမိုးချိုးရန်ပြင်လိုက်တော့သည်။
ပုခုံးပေါ်သို့တဘက်တစ်ထည်တင်ပြီး ရေချိုးခန်းထဲသို့ဝင်ဖို့အလုပ် ကုတင်ဘေးနားရှိ စားပွဲပေါ်၌တင်ထားတဲ့ ဖုန်းကမြည်လာ၏။
ဖုန်းမြည်သံကြောင့် ထိုစားပွဲနားသွားပြီး ဖုန်းကိုယူကြည့်လိုက်တော့ ဖုန်းနံပါတ်စိမ်းတစ်ခုဖြစ်သည်။
"ဟယ်လို"
"ဟယ်လို နီခီလား?"
"အင် ဘယ်သူလည်း"
"Jake hyung ပါ"
"hyung ဘယ်ကကျွန်တော့်ဖုန်းနံပါတ်ရတာလည်း"
"မင်းအမနဲ့ လမ်းမှာတွေ့လို့လေ အဲ့ဒါသူ့စီကမင်းအကြောင်းမေးရင်းဖုန်းနံပတ်တောင်းခဲ့တာ မင်းကငါ့ပါအဆက်အသွယ်ဖြတ်သွားတာပဲ"
"အားးမဟုတ်သာ ကျွန်တော်hyungကို ဆက်သွယ်မလို့ပဲ ဖုန်းကဒ်ကပြောင်းလိုက်တော့ အဆက်အသွယ်လုပ်မရဖြစ်သွားတာ"

YOU ARE READING
Tulip (Sunki)
Romance"နီခီ Tulip လေးတွေကအရမ်းလှတာပဲနော်" "အင်းး tulip တွေကိုသဘောကျတဲ့ အလှလေးက ပိုလှတယ်" #Sunki