နီခီ ထိုကောင်လေးနဲ့ဝေးရာသို့မြန်မြန်ထွက်လာခဲ့လိုက်သည်။
သူအဲ့နားမှာကြာကြာဆက်နေနေလျှင် ထိုအလှလေးကြောင့် နှလုံးခုန်တာမြန်လွန်းပြီး အန္တာရယ်ရှိလာနိုင်သည်ဖြစ်သည်။ဘာလို့ ရင်ဘက်ထဲကအခုထိခုန်နေရတေးတာလည်းဟ?
"အားးး နီရှီမူရာရီခီတော်တော့ စိတ်အေးအေးထား အိမ်ပြန်မယ်"
သူမြန်မြန်အိမ်ကိုသာတန်းပြန်လာခဲ့လိုက်တော့သည်။
.
.
.
.
.
.
အိမ်ရောက်တော့လည်းစဉ်းစားမိသည်ကား
သူ့ကိုကြောင်အအနဲ့လှမ်းကြည့်နေတဲ့ ထိုအညိုရောင်မျက်ဝန်း
နောက်ပြီး အထပ်ထပ်အခါခါတောင်းပန်စကားတွေပြောနေတဲ့ နှင်းဆီရောင်နှုတ်ခမ်းဖူးဖူးလေး
အဆိုးဆုံးက သူဖက်ခဲ့မိတဲ့ခါးသေးသေးလေးနှင့်ကိုယ်ငယ်လေးပင်"ဟက် အဲ့လောက်ထိလှဖို့လိုလို့လား?"
စဉ်းစားနေတဲ့အတွေးတွေကို ခေါင်းတစ်ချက်ခါပြီး ဖယ်ထုတ်လိုက်သည်။
ထို့နောက် သီချင်းရေးဖို့ရန်ပဲစတင်လိုက်တော့သည်။
.
.
.
.
.
.
"မင်းတို့2ယောက် အစကထဲကငါ့ကိုလှမ်းသတိပေးလေ မြင်ရင်လည်း ဘာလို့ငြိမ်နေပြီး ငါ့ကိုသူများရင်ခွင်ထဲပို့ရတာလည်း?""ဟမ်း ငါလှမ်းအော်တယ်လေ မင်းဟာမင်းမကြားတာကို"
"အေ့လေ ဗျောင်ဝူးမင်းကိုလှမ်းအော်တာပဲ မင်းဟာမင်းအာရုံလွင့်နေတာကို ငါတို့ကိုအပစ်လာပြောနေ"
"ဟား...မသိတော့ဘူး တော်ပြီမပြောတော့ဘူး"
ဆောနူးတစ်ေယာက် အရှေ့ကနေရှက်ရှက်နှင့်အရင်ထွက်လာလိုက်တော့သည်။
.
.
.
.
.
.
ဘက်စ်ကားထဲရောက်သည်အထိ ဆောနူးက ဗျောင်ဝူးနဲ့ဂျီဟိုကိုစကားမပြောပဲ ကောက်နေရှာသည်။အကြောင်းအရင်းက သူ့ကိုသူများရင်ခွင်ထဲပို့လို့တဲ့လေသူတို့ရဲ့အချစ်တော်သူငယ်ချင်းလေးက အိမ်မှာလည်းအချစ်ခံရတဲ့ကလေးတစ်ယောက်ဖြစ်တယ်
သူတို့နဲ့ဆိုလည်းသူတို့ကအမြဲအလျှော့ပေးတက်တော့ ထိုကောင်လေးကတစ်ခုခုဆို ထစ်ကနဲစိတ်ကောက်တက်သည်။ထိုအချိန်တွင် ဗျောင်ဝူးကပဲမနေနိုင်မထိုင်နိုင်နှင့်စကားစရပြန်သည်။

YOU ARE READING
Tulip (Sunki)
Romance"နီခီ Tulip လေးတွေကအရမ်းလှတာပဲနော်" "အင်းး tulip တွေကိုသဘောကျတဲ့ အလှလေးက ပိုလှတယ်" #Sunki