Part(6)

14 0 0
                                    

ဆောနူးတစ်ယာက်ဒေါသတွေတစ်ရှူးရှူးထွက်ပြီး သူ၏သင်တန်းသို့ရောက်လာခဲ့သည်။

သင်တန်းအရှေ့ရောက်‌တော့ သူငယ်ချင်းဖြစ်သူ‌ ဗျောင်ဝူး အားရပ်နေသည်ကိုတွေ့လိုက်ရ၏။

“အမ်း ဗျောင်ဝူး ဘယ်လိုလုပ်ပြီး”

“ဟုတ်တယ် ငါမင်းစီကိုပဲတန်းလာခဲ့တာ အော် မေ့လို့ ရော့ဒီမှာ မင်းကြိုက်တဲ့ tulip ”

“အားး အတော်ပဲငါလည်းဒီနေ့သွားဝယ်တာမရခဲ့တာနဲ့”

“အထဲဝင်တော့လေ ကလေးတွေစောင့်နေပြီ မင်းအတန်းပြီးရင်ငါတို့ခနလောက်စကားအေးဆေးပြောကြရအောင်”

“ဒါဆိုအခုမင်းကကော?”

“ငါလား ငါကရတယ် ဒီအရှေ့ကcafeမှာစောင့်နေမယ်”

“မင်းကငါအတန်းပြီးတဲ့အချိန်မှလာတာမဟုတ်ဘူး အခုတော့”

“ဘားမှမဖြစ်ပါဘူးကွာ ငါကမင်းကိုဒီပန်းတွေအရင်ပေးချင်လို့ လာခဲ့လိုက်တာ”

“အင်းပါ ဒါဆိုခနနေတွေ့မယ်”

“ok”

“အားးး ဟိတ်ကောင်နာတယ်ဟ”

‌ဗျောင်ဝူးတစ်ယောက် ဆောနူး၏ပါးဖောင်းဖောင်းလေးကို လှမ်းညစ်ပြီး cafe သို့ထွက်လာခဲ့လိုက်သည်။


~~~~~~
ဆောနူးသင်တန်းပြီးလို့ ကလေးတွေလည်းအကုန်ပြန်သွားပြီဖြစ်သည်။

ဆောနူးလည်း ဗျောင်ဝူးရှိရာ cafe သို့ထွက်လာခဲ့လိုက်တော့သည်။

Cafeထဲဝင်တာနဲ့ ဗျောင်ဝူးကသူ့ကိုမြင်တော့ လက်လှမ်းပြပြီးလှမ်းခေါ်လေရဲ့

ဆောနူးလည်း ဗျောင်ဝူးရှိရာဝိုင်းသို့မြန်မြန်သွားလိုက်၏။

“ဆောနူးအတန်းပြီးပြီပေါ့ ဘာမှာမလဲ မှာလိုက်လေ”

“ကျွန်တော့်ကို strawberry milkshake တစ်ခွက်ပေးပါဗျ”

“ဒါနဲ့ ဗျောင်ဝူး ကိစ္စရှိလို့လား?”

“ဟင် ငါကမင်းကိုကိစ္စရှိမှလာတွေ့ရမှာပေါ့”

“အမလေး တွေ့လို့ရပါတယ် ငါကဒီတိုင်းမေးတာကို မပြောချင်လည်းနေပေါ့”

Tulip (Sunki)Where stories live. Discover now