Part(2)

29 2 0
                                    

မှောင်မိုက်မိုက်အခန်းတစ်ခုထဲရှိ ကုတင်အောက်တွင် ငုတ်တုတ်ထိုင်နေသောကောင်လေးတစ်ယောက် ထိုကောင်လေး၏ဘေးတွင်လည်း ဂစ်တာတစ်လက်နှင့်စာရွက်အချို့ ထို့အပြင် လက်ချောင်းရှည်ရှည်ကြားတွင် ဆေးလိပ်တစ်လိပ်နှင့် ကုတင်ပေါ်၌လည်းအဆက်မပြတ်လာနေသော ဖုန်းအဝင်callတစ်ခုရှိ၏။

"ကျစ် ဘယ်အချိန်ထိများခေါ်နေဦးမှာလည်း"

စိတ်ရှုပ်စွာဖြင့်ဖုန်းကောက်ကိုင်လိုက်၏။

"နီခီ မင်း ဘယ်အချိန်ထိအခုလိုအရွဲ့တိုက်ပြီး နေနေဦးမှာလည်း"

"ဟက် သတက်လုံးပဲ"

"မင်း မမစကားကိုနားထောင်ပြီးပြန်လာခဲ့စမ်းပါ အဖေ့ကျန်းမာရေးအခြေအနေကိုလည်းသိရဲ့သားနဲ့ အခုလိုအလေးမထားလုပ်နေတာ‌တွေရပ်တန့်ပြီး ဂျပန်ကိုပြန်လာခဲ့ ပြီးရင်အေးအေးဆေးဆေး ကုမ္ပဏီကိစ္စတွေကိုဝိုင်းကူပေးပါ မင်းအခုလိုအရေမရအဖက်မရတဲ့အရာတွေကိုလုပ်နေပြီး မင်းဘဝကြီးကိုကုန်ဆုံးပစ်မလို့လား?"

"မမ ပြောချင်တာဒါပဲမလား ကျွန်တော်ဖုန်းချလိုက်တော့မယ်"

နီခီသက်ပြင်းတစ်ချက်ချလိုက်မိသည်။

အခုဖုန်းဆက်လာတာ ကျွန်တော့်ရဲ့အမလေ ကျွန်တော် Japan ကနေ Netherlands ကိုပြောင်းလာတာ4လလောက်ရှိပြီ။ ကျွန်တော်က သီချင်းရေးရတာကို ဝါသနာပါတယ် ဂစ်တာတီးနေရရင်ပျော်တယ် ဒါမဲ့ဒါတွေကို ကျွန်တော့်အဖေကသဘောမကျဘူး မမလိုပဲသူနဲ့အတူ ကုမ္ပဏီကိစ္စတွေဝင်လုပ်ပြီး ကုမ္ပဏီကိုဦးစီးစေချင်တာ ဒါမဲ့ ကျွန်တော့်မှဝါသနာမပါတာ သူတို့ရဲ့စီးပွားရေးလောကကိုစိတ်လည်းမဝင်စားသလို သိလည်းမသိဘူး ခေါင်းလည်းအခြောက်မခံနိုင်ဘူး ဒါကြောင့်ကျွန်တော်ဝါသနာပါရာအလုပ်ကျွန်တော်လုပ်တယ် ဒါမဲ့ကျွန်တော့်ခြေထောက်ပေါ်ကျွန်တော်ရပ်တည်နိုင်တာပဲလေ အဲ့ဒါလည်းကျွန်တော့်ကိုအပစ်ပြောနေတုံးပဲ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့အဖေနဲ့အမြဲ ပြသာနာဖြစ်ရတယ် အဲ့ဒါကြောင့် ကျွန်တော်အိမ်ကထွက်လာခဲ့တာ မဟုတ်ဘူး ဂျပန်ကနေပါထွက်လာခဲ့တာ အကုန်အဆက်အသွယ်ဖြတ်ပြီးထွက်လာခဲ့ပေမဲ့ မမကကျွန်တော့်အကြောင်းရအောင်စုံစမ်းနိုင်ခဲ့တယ် ကျွန်တော်ကအဖေ့ကိုပြန်မပြောပြဖို့ အတင်းမှာထားလို့သာ မမကပြန်မပြော‌တာဖြစ်တယ် ဒါမဲ့မကြာမကြာဖုန်းဆက်ပြီး ပြန်လာဖို့ ကုမ္ပဏီမှာသူနဲ့အလုပ်လာလုပ်ဖို့ ခနခနနားပူလေ့ရှိသည်။

Tulip (Sunki)Where stories live. Discover now