Part(7)

17 1 0
                                    

နီခီတစ်ယောက်မနက်7နာရီလောက်ပဲရှိတေး အိမ်ရှေ့ခြံဝင်းထဲထွက်ပြီး လေ့ကျင့်ခန်းထွက်လုပ်နေသည်။

လေ့ကျင့်ခန်းလုပ်ရင်း ဘေးအိမ်ဘက်ကိုကြည့်မိတော့ အိမ်တံခါးပိတ်ထားတုံးပဲရှိတေးသည်ဖြစ်သည်။

သူလေ့ကျင့်ခန်းလုပ်တာလုပ်နေတာ သူ့စိတ်ကတော့ ဘေးအိမ်တံခါးဝပဲရောက်လို့နေသည်။

"မထကြတေးတာလားမသိဘူး"

နောက်5မိနစ်လောက်ကြာတော့ အိမ်တံခါးပွင့်လာပြီး အိမ်ထဲကအမျိုးသမီးတစ်ဦးထွက်လာသည်ကိုတွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏လက်၌လည်းဈေးဝယ်အိတ်တစ်အိတ်ကိုကိုင်လို့ထားသည်။ထို့နောက်အိမ်တံခါးကိုပိတ်ပြီး ခြံပြင်သို့ထွက်ရန်အလုပ် သူ့ကိုလှမ်းမြင်သွားပုံရသည်။

ထိုအမျိုးသမီးကအပြင်မထွက်တေးပဲ သူရှိရာခြံစည်းရိုးနားသို့ကပ်လာ၏။

"ကောင်လေး မင်းကအသစ်ပြောင်းလာတဲ့လူထင်တယ်"

"ဗျာ အားးး ဟုတ်တယ်အန်တီ"

"ဟိုးနေ့က အန်တီ့သားနဲ့အတူ ဒီကိုညစာလာပို့ခိုင်းလိုက်တေးတယ် အဲ့ဒါစားရအဆင်ပြေရဲ့လားသား?"

"ဟုတ်အန်တီ အဆင်ပြေတယ်ဗျ တကူးတကလာပို့ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်အန်တီ"

"မဟုတ်သာ သားရယ် ကိုယ်တွေကအိမ်နီးနားချင်းတွေပဲကို"

"ကျွန်တော်လည်းနောက်ရက်ကျမှ တစ်ခုခုပြန်လာပို့ပေးဦးမယ်ဗျာ"

"အမလေး ရပါတယ်တော်"

"ဟုတ်အန်တီ ဒါနဲ့ ဈေးသွားမလို့လား"

"ဟုတ်တယ်သားရယ် အိမ်ကသားကလည်းမနိုးတေးတော့ အန်တီပဲသွားလိုက်မလို့လေ"

"အော်..."

"သား ဒီနေ့ညနေ အိမ်လာခဲ့လေ"

"ဗျာ?"

"အော် ညစာလာစားလို့ အန်တီတို့အိမ်မှာ"

"အားနာစရာကြီးအန်တီရယ် ရပါတယ် အလုပ်ရှုပ်မခံပါနဲ့"

"လာခဲ့ဘားမှမဖြစ်ဘူး အလုပ်လည်းမရှုပ်ဘူး အဝေးကြီးမှမဟုတ်တာကိုကွယ် သားလည်းအိမ်မှာတစ်ယောက်ထဲပျင်းနေမှာပေါ့ လာခဲ့ရမယ်နော်သား"

Tulip (Sunki)Where stories live. Discover now