Ranနဲ့နောက်ဆုံးတခေါက်ရန်ဖြစ်ပြီးထဲက jiကို John သတိထားကြည့်တာကြာပြီး။ အရင်လိုတက်တက်ကြွကြွမရှိပဲ ဟိုနားလေးခွေလိုက် ဒီနားလေးခွေလိုက်နဲ့....
"ဟင်းးးးအခုအဖေတို့ရုပ်ရှင်မှာ မင်းသမီးခေါက်ပင်ကို nom နေရာမှာအစားထိုးဖို့ channel ကအတည်ပြုလိုက်ပြီ...ကျန်တာကတော့ranပဲပေါ့"
ဆိုဖာပေါ်မှာထိုင်နေတဲ့jiဘေး ၀င်ထိုင်လိုက်သည်။
"ဘယ်တော့မှပြန်လာပြီးအဖေတို့တွက် Director
ပြန်လုပ်ပေးမလဲမသိဘူးနော်""သူချစ်သေးရင်သူပြန်လာမှာပေါ့အဖေ"
"Ranကjiကိုစိတ်ကုန်နေတာနော်...အလုပ်ကိုစိတ်ကုန်နေတာမဟုတ်ဘူး"
"အဖေ့!.."
အမှန်တရားကိုပြောပြတော့လဲ အော်လိုက်တာများ...
သူ့သမီးလေးက အထူးအဆန်းလေးရယ်....
အလိုလိုက်ခဲ့တာများသွားလို့များလားကွယ်။"တကယ်လို့ ji သားfourth ကိုသွားတောင်းမပန်ဘူးဆိုရင်တောင် အနည်းဆုံး ranကိုသွားတောင်းပန်လို့မရဘူးလားသမီး...ဟင်...သမီးကမှားတာပဲကို၊ ဒီမှာထိုင်စိတ်ကောက်နေလို့ရောဘာပြောင်းလဲသွားမှာမို့လို့လဲ ji"
"Jiကဘာလို့သွားတောင်းပန်ရမှာလဲအဖေ... သူပြန်မလာသေးတာက fourth Natawat ဆွဲထားလို့ပဲမဟုတ်ဘူးလား"
"သူအဲလိုမျိုးလုပ်တယ်ဆိုတာမျက်စိနဲ့တပ်အပ်မြင်လို့လား..ဟမ်...ကိုယ့်ဘာသာလျှောက်ထင်နေတာများလား....နောက်တစ်ခါထပ်ပြီးမှားနေပြန်ဦးမယ်နော် .."
"Ji လျှောက်ထင်နေတာမဟုတ်ဘူးအဖေ.....ရှေ့ရက်တုန်းကလည်း ji သူ့ဆီသွားတယ်၊ jiကိုတွေ့တာနဲ့သူကဘာစကားမှတောင်နားမထောင်ဘဲပတ်ရှောင်နေတာပဲအဖေ.....ပြီးတော့အဲ့ဒီတစ်ယောက်ရဲ့မာယာတွေကိုလည်း jiသိတယ်၊"
"တကယ်လို့သူကမာယာသုံးတယ်ဆိုရင်သမီးကရောဘာလို့မသုံးတာလဲ ji....မှားပါတယ်လို့တောင်းပန်ရင်ဘယ်လိုပဲဖြစ်ဖြစ် ranစိတ်ပျော့သွားမှာပါပဲ"
တွေးဆဆလေးဖြစ်သွားတဲ့ jiကိုကြည့်ပြီးပြုံးလိုက်မိသည်။ မချစ်တာလဲမဟုတ်ပဲ ဘာလို့ ခေါင်းမာနေရသလဲ သမီးရယ်.....

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...