Part 3 [ Uni ]

56 6 0
                                    

☆☆☆☆

" ပြောပါဦး...ချက်ချင်းရောက်လာရတဲ့အကြောင်းရင်း "

သိုင်းကလျှောင်းကိုတင်းကျပ်စွာဖက်ထားသည်မှလွှတ်လိုက်ကာ သူ့အမူရာအမူဟန်ပြန်ပြင်၍ လျှောင်း၏မေးခွန်းကိုပြန်ဖြေလိုက်သည်။

" အဲ့တာက ကျွန်တော် ကိုကို့ကိုလွမ်းလို့လေဗျ "

" မင်းလွမ်းတာကိုယ်သိတယ် ၊ မင်းပြောတာ နောက်လမှဆို.. "

သိုင်းကခဏတော့ဘာမှပြန်မဖြေပဲ ပြုံးသာပြုံးနေလိုက်သည်၊ လျှောင်းကမျက်ခုံးပင့်နှင့်ရုပ်တည်တည်ကြည့်လိုက်တော့ သိုင်းက သူ၏လေသံကိုပြင်၍ ပြန်ဖြေလာသည်။

" နောက်လမှဆိုတာအကြာကြီးလေ ကိုကိုရာ..အဲ့တာကြောင့် ချက်ချင်းလာခဲ့တာ "

လျှောင်းကဘာမှဆက်မပြောပဲသက်ပြင်းသာချ၍ခေါင်းငြိမ့်လိုက်သည်။

" ရောက်လာပြီဆိုတော့ ကိုယ်ရုံးခန်းထဲလိုက်ခဲ့၊ စကားအေးဆေးပြောကြတာပေါ့ "

သိုင်းကလည်းခေါင်းငြိမ့်ကာ လျှောင်း၏အနောက်ကိုခွေးပေါက်လေးတကောင်လိုလိုက်မိနေတော့သည်။

လျှောင်းသိုင်းကို ဆေးရုံဒုတယအထပ်မှသူ့ရုံးခန်းကိုဓါတ်လှေကားနှင့်ခေါ်သွားကာ ရောက်သွားသည့် အခါ လျှောင်း၏ရုံးခန်းခြေဦးတည်ရာသို့သွားသည်။ သိုင်းကလည်းအနောက်ကနေဟိုကြည့်ဒီကြည့်နှင့် တကောက်ကောက်လိုက်နေသည်။

ထို့နောက်လျှောင်း၏ရုံးခန်းအရှေ့ရောက်သည့်အခါ လျှောင်းတံခါးဖွင့်ကာသိုင်းကိုဝင်ဖို့ပြောလိုက်သည် ဒီလိုနှင့်သူတို့နှစ်ယောက်လည်းဝင်သွားကာ တံခါးကိုပြန်ပိတ်ပြီး လျှောင်း သူ့ခုံဦးတည်ရာသို့သွားခါထိုင်ချလိုက်၍ သိုင်းကတော့ ဆိုဖာအသေးစားပေါ်ကာထိုင်နေသည်။

" မင်းဘယ်တော့ပြန်မှာလည်း သိုင်း.. "

" ကျွန်တော် နောက်တပတ်နေရင်ပြန်မှာ ကိုကို.."

Affection Into DoctorWhere stories live. Discover now