Part 5 [ Zg ]

17 1 0
                                    

ဒေါက်...ဒေါက်...ဒေါက်..

လျှောင်းနှင့်မာန်တံခါးဆီကိုအာရုံရောက်သွား ဘယ်သူများလဲဟုဆိုတာ အာရုံစိုက်နေကြသည်၊ ထို့နောက်ဝင်တံခါးထဲသို့ဝင်လာတဲ့သူက... " သိုင်းထက်ဇေယျန် "

သိုင်း၏မျက်နှာအမူရာအမူဟန်ကြည့်ရတာ မာန်နှင့်လျှောင်းတို့ပြောနေကြသည့်စကားများကိုကြားသွားပုံရသည်။ သိုင်းအတော်စိတ်တို၏ဒေါသထွက်လွန်းပေ။

လျှောင်းသည်သိုင်းဒေါသထွက်လျှင်ထိန်းချုပ်ဖို့ခက်တာသိသောကြောင့် လျှောင်းဘာလုပ်ရမှန်းမသိဖြစ်ကာ သူမျက်နှာကိုယ်သူပွတ်သပ်ကာသက်ပြင်းပူပူသာချလိုက်သည်။ ထို့နောက် သိုင်းဆီမှာထွက်လာရသည့်ဒေါသစကားတခွန်း။

" ကိုကို ဒါဘာသဘောလဲ..သူက ဘာဆိုင်လို့ပြောနေရတာလည်း "

" သိုင်း.. ဘယ်လိုရောက်လာတာလည်း.. "

လျှောင်းသိုင်း၏အနားသွားကာ စိတ်လျှော့စေရန် သိုင်း၏လက်ကိုစုပ်ယူကာ ပွတ်သပ်ပေးနေသည့်။ သိုင်းလည်းစိတ်အနည်းငယ်သက်သာရသွားပေမယ့် သူကြားလိုက်ရသည့်ဟာတွေအတွက်တော့ မကျေမနပ်ဆက်ဖြစ်နေတာ ဒေါသစိတ်ကျန်ရှိနေသည်။

" ကိုကိုသိစရာမလိုဘူး ဘယ်ကကောင်ကဘာသောက်ဇယားတွေများရှုပ်နေတာလည်း "

" သိုင်း..ကလေး မင်းစိတ်အလိုမလိုက်နဲ့.. အေးဆေးပဲပြော၊ မင်းတို့ရောက်နေတာ ဆေးရုံမှာ "

" ကိုကို ကျွန်တော် ဆေးရုံးမှာမလို့ ဘာမှမပြောချင်လို့ မသိချင်ယောင်ဆောင်နေတာ၊ ဟိုကောင် ကိုကို့အပေါ် ဘယ်လိုစိတ်ရှိလည်းကစ ကျွန်တော်သိတယ် အစကတည်းကအဲကောင်ကမယုံရဘူးဆိုတာ "

ထိုစကားကြောင့် မာန်လည်းဒေါသထွက်သွားကာ စူးရှစွာပြောလိုက်သည်။ သူပြောသည့်စကားသည် သိုင်းကိုပိုဒေါသစွသလိုဖြစ်သွားသည်။

" ပြောရင်ဒဲ့လာပြော ဟျောင့် စောင်းသလို ရွဲ့သလိုနဲ့! မင်းယောက်ျားမဟုတ်ဘူးလား "

" ငါရွဲ့နေလို့လား? မင်းကိုသောက်ရေးမပေးဘူးဟေ့ကောင် "

လျှောင်းကတချက်နထင်ကိုပွတ်သပ်လိုက်သည်။ ဒီစိတ်ရှုပ်စရာကြီးကိုဘယ်လိုများဖြေရှင်းရမလည်း သူစဉ်းစားမရပင်။ သိုင်းဒေါသထွက်ရင်ဘယ်လောက်ထိတောင်ကြောက်စရာကောင်းလည်းဆိုတာ လျှောင်းအသိဆုံးပင်။

Affection Into DoctorWhere stories live. Discover now