☆☆☆☆
" ဟေး...ဟေး ဟိုနားကောင် "
သိုင်းကမာန့်ကို နာမည်တပ်မခေါ်ကာ ခေါ်နေသည့်အခါ မာန်ကလှည့်ကြည့်လာကာ ဟိုကြည့်ဒီကြည့်နဲ့ သူ့ကိုယ်သူပြန်လကွညှိုးထိုးပြလာလေသည်။
" ဟမ့်...ကျွန်တော့်ကိုခေါ်နေတာလား "
" မင်းမခေါ်လို့ငါကဘယ်ကောင့်သွားခေါ်ရမှာ "
မာန်ကသိုင်း၏အပြောအဆိုအကြောင့်နည်းနည်းတော့အသက်မသာဖြစ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော့်မှာနာမည်ရှိပါတယ် မိတ်ဆက်ပြီးပြီလို့လည်းထင်ပါတယ် "
" ငါကဂရုစိုက်ရမှာလား ကိုကို့လိုတော့ မာန်မာန်ဆိုပြီးအဖျားစွတ်မခေါ်နိုင်ပါဘူး "
မာန်က ဘာမှဆက်မပြောကာ ခေါင်းသာခါချလိုက်သည်၊ ထို့နောက်မာန်ကသူမေးစရာရှိတာမေးလိုက်တော့သည်။
" ဘာခိုင်းမို့လည်းဗျ "
" ကိုကိုက မင်းနဲ့ငါကို ကလေးတွေအတွက်မုန့်အတူဝေခိုင်းလို့ ငါလာခေါ်တာ အတူတူဝေချင်လွန်းလို့တော့ မဟုတ်ဘူး "
မာန်က သိုင်း၏စကားကြောင့် ဒေါသထွက်မိသည်၊ သို့သော်လည်းဆေးရုံမှာမလို့ဘာမှမဖြစ်ကာ သဘောသာတူလိုက်သည်။
" အင်း...ဟုတ်ပါပြီ...ဒီဘက်တခြမ်းကျွန်တော်ဝေလိုက်မယ် အစ်ကို အဲဘက်ဝေလိုက်ပါ "
" ငါတို့နှစ်ယောက်ပဲဝေမှာလား "
" ဟုတ်တယ်..တခြားဆရာဝန်တွေအခုမှနားရတာမလို့ နားပါစေ "
" ပြီးတာပဲ၊ ဒါနဲ့ ချိုချဥ်တယောက်2လုံးပဲပေး ကပ်စေးနည်းလို့မဟုတ်ဘူး ချောင်းမဆိုးစေချင်လို့ "
သိုင်းကပြောပြီးနောက် မာန်၏မဖြေမစောင့်ပဲ ခပ်တည်တည်ဖြင့် မုန့်ထုပ်များယူသွားကာ သူဝေရမည့်ဘက်အခြမ်းသို့သွားသည်။ မာန်ကလည်းမုန့်ထုပ်များကိုယူကာ သူဝေရမည့်ဘက်ခြမ်းသို့သာသွားတော့သည်။
.
YOU ARE READING
Affection Into Doctor
Short StoryThis is Just Fiction. ဒီ Ficလေးဟာ Shortလေးပေါ့နော် Shortမရေးတတ်ပေမယ့် အားပေးသူလေးတွေအတွက် အကြိုးစားနဲ့ရေးပေးလိုက်ပါတယ်ရှင့်။