Part 1 [ Uni ]

265 12 1
                                    

~~~

South Korea မှ Seoul National University Hospital (SNUH) သည် နေ့ညမရွေးအလုပ်များနေသလို နေ့မှာလည်းအလုပ်ရှုပ်နေသော ဆေးရုံတစ်ခုဖြစ်သည်။ ဆရာဝန်တွေနဲ့ သူနာပြုတွေသည် များစွာသောအလုပ်များကြား ပင်ပန်းလှပါသည်။ တချို့သော ဆရာဝန်များက Round လှည့်ကြသည် ၊ တချို့ ဆရာဝန်များက ခွဲစိတ်ခန်းထဲများထဲတွင် အလုပ်များရှုပ်နေသည်။ သူနာပြုများလည်း သူတို့ရဲ့တာဝန်များကို ကောင်းစွာထမ်းဆောင်လျက်ရှိကြသည်။

ထိုအချိန် ခွဲစိတ်ပြီးလို့ ခွဲစိတ်ခန်းထဲမှ ထွက်လာသည့် ဒေါက်တာ " သျှောင်းတိမ်လျှောင်း "

ရုပ်ရည်ကတော့ပြောစရာမလိုအောင် ချောမောတည်တည်ခန့်ခန့်ရှိပြီး အရပ်ကတော့ပုံမှန်ပင် ။ လူချစ်ခင်များသလို စိတ်ထားလည်းကောင်းသည့် ခွဲစိတ်ဆရာဝန် သျှောင်းတိမ်လျှောင်းဖြစ်သည်။ သူသည် အလုပ်ကိုသေချာလုပ်တတ်ပြီး မပေါ့လျော့တတ်ပါ ။ လူနာများ၏အသက်ကိုလဲနေ့စဥ်ကယ်တင်ရပင် ။

လျှောင်းတယောက် လက်များဆေးကြောသန့်စဥ်ကာ သူ့ရုံးခန်းထဲသို့ဝင်ကာ ခုံပေါ်တွင်ထိုင်ခါ နားလိုက်သည် ။ ထိုအချိန်တွင် လျှောင်းရဲ့ဖုန်းမှ Ringtone အသံမြည်းလာသည် ။

Cause I give you all of me
And you give me all of you ~~

လျှောင်းဖုန်းကိုယူလိုက်ကာ ဘယ်သူခေါ်တာလည်း ကြည့်လိုက်ပင် ၊ ထို Contact က ' မောင် ' တဲ့လေ...။

လျှောင်း ဘယ်သူခေါ်တာလည်းတွေ့သွားသော်အခါ ပင်ပန်းတာများပျောက်သွားပြီး ပြုံးမိသွားသည်။ လျှောင်းကိုင်လိုက်တော့ တဖက်မှအသံကထွက်လာသည် ။

" ကိုကို! ကိုကို ကိုရီယားမှာ နေရတာအဆင်ပြေလားဟင် "

တခြားသူနဲ့ဆို ခပ်ချေဖြစ်တဲ့ကောင်လေးက သူနဲ့ဆိုရင်တော့ဘယ်အချိန်ဖြစ်ဖြစ် မြဲတမ်း တွယ်ကပ်တတ်တဲ့ခွေးပေါက်လေးလိုချွဲပြီး အမြဲချွဲလေ့ရှိသည် ။

" အင်း ကိုယ်အဆင်ပြေပါတယ် "

" ကိုကို့ကိုကျွန်တော်အရမ်းလွမ်းတာပဲ သိလား "

Affection Into DoctorWhere stories live. Discover now