🎵🎵 I get money, I'm a star
Star, star, star, star, star, star
I get money, I'm a star
Star, star, star, star, star, star🎵🎵TikTok မှာTrendဖြစ်နေတဲ့ သီချင်းလေးတညည်းညည်းနဲ့ မှန်ရှေ့မှာ တစ်ကိုယ်လုံးကို ခြယ်သကာ ပြင်ဆင်ရနေတာမို့ မွေ့ယာလေးထဲ အိပ်နေတဲ့ Parker က မျက်လုံးလေးမပွင့်တပွင့်နဲ့ ဘုကြည့်ကြည့်လာသည်။
"Parker ရေ ကိုကြီးကို ကြည့်ပေးအုံး အခုဝတ်ထားတာနဲ့ လိုက်လား ခုဏက ဝတ်ထားတာနဲ့လိုက်လား ပြီးတော့ ဒီမျက်မှန်နဲ့ လိုက်လား ဟောဒီမျက်မှန်နဲ့လိုက်လား"
နားလည်သလို မျက်နာဘေးနဲ့ ကြည့်နေပေမယ့် အကောင်အသေးလေးက မွေ့ယာလေးပေါ်ကနေ ထကာ ဖင်လုံးလုံးလေးနဲ့ လမ်းထလျှောက်ကာ အခန်းတံခါးကို လက်နဲ့သွားကုပ်တော့သည်။
"ဘာလဲ မင်းက ငါ့ကို ငြိုငြင်တာပေါ့ဟမ်" လှည့်မကြည့်ပဲ အသံသေးသေးလေးနဲ့ပါ ဟောင်လာသည်။မကြားချင်ဘူး အခန်းထဲက ထွက်မယ်ပေါ့ သူ့အထာက ။
တံခါးဖွင့်ပေးလိုက်တော့ အခန်းထဲကနေ လှိမ့်လှိမ့်နဲ့ထွက်သွားသည်။Parkerက သူ့ကို ငြိုငြင်နေတာမို့ စိတ်ထဲတောင်မကောင်းဖြစ်သွားရသည်။
"မင်း တစ်နှစ်မပြည့်သေးဘူး ငါ့ကို ငြိုငြင်နေတာပေါ့ ဘယ်သူ့မှ ငါ့အပေါ်မကောင်းကြဘူး ငါ့အချစ်ကလေးကလွဲလို့ပေါ့"
အခန်းရှေ့ကနေ Parker ကိုအော်ပြောနေပေမယ့် ဟိုက ဂရုမစိုက်ပဲ ခါခါ ခါခါနဲ့ ထွက်သွားသည်။
"ကိုကြီးရယ် မပြောနေပါနဲ့ နောက်ကျနေမယ် "
အချစ်ကလေးဆီသွားဖို့ မနက်ထဲက ထပြီး ပြင်ဆင်နေတာမို့ တစ်အိမ်လုံးက နိုးနေပြီးသား အမေက သူ့ကို မျက်စိနောက်လို့ အစောထဲက ခြံထဲဆင်းပြီးနေနေတာ အခု Parker ကပါ အမေနဲ့သွားနေနေသည်။
တစ်ချိန်လုံး ပြင်ဆင်နေတာ မပြီးနိုင်မှန်း သိတာမို့ အစ်ကိုဖြစ်သူကို မနည်းဝင်တိုက်တွန်းရသည်။မဟုတ်ရင် နောက်ကျနေလို့ ချစ်သူလေးနဲ့ အချိန်ဖြုန်းရဖို့ အချိန်နည်းသွားနိုင်တယ်လေ။
"မေ့နေတာ ဒီမှာ အဝတ်အစား၇စုံ ပြင်ထားတာလေ သိလား ဘာဝတ်ရမလဲ ဒီထဲကရွေးပေးပါအုံးကွာ"
YOU ARE READING
One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
FanfictionThis work is my random delulu short stories of PPW ❣️ So, enjoy na🥺🩷