သုံးနှစ်တာ လက်ထပ်၍ အတူရှိပြီးတဲ့နောက် နောက်ဆုံးမှာ ဒီနေ့ကို ရောက်ရှိလာခဲ့ပြီ။
"Phuwin Tangsakyuen မင်း တကယ် နောင်တမရဘူးလား"
"ရစရာဘာရှိလဲ ရော့ လက်မှတ်ထိုးပေး ကွာရှင်းစာချုပ်မှာ"
စာချုပ်ကို ပစ်ပေးကာ ထွက်သွားတဲ့ ကောင်လေးကို သေချာကြည့်နေမိသည်။
ဘာလို့များ ဟာတာတာ ခံစားနေရတာလဲ။တကယ်ဆို သူပျော်သင့်တာ မဟုတ်လား။
စီစဉ်ထားတဲ့ လက်ထပ်ပွဲတစ်ခုသာဖြစ်ပြီး သုံးနှစ်ပြီးရင် ကွာရှင်းချင်ခဲ့တာလဲ သူသာ။အခုကျ သူကဘာလို့ ဝမ်းနည်းနေရတာလဲ။
ကွာရှင်းစာချုပ်ကို ကြည့်ကာ လက်မှတ်ထိုးရန် တုံ့ဆိုင်းနေမိသည်။
"ဘာလို့ အလွယ်လေး ကွာရှင်းနိုင်ရတာလဲ ဒီနှစ်အတွင်း မင်းပေးခဲ့တဲ့ ဂရုစိုက်မှုတွေ အကုန်လုံးက အလိမ်အညာတွေလား"
- - - - - -
သူတို့နှစ်ယောက်ဆက်ဆံရေးကို မေးခွန်းထုတ်ရင်း ပြီးခဲ့တဲ့ သုံးနှစ်တာကို ပြန်သတိရမိသည်။
အိမ်ထဲတစ်အိမ်လုံးလည်း Phuwin Tangsakyuen ၏ ပုံရိပ်တွေသာ ပြည့်နေသည်။
"မနက်စာပြင်ထားတယ် စားသွားပါအုံး"
"မင်းကို ပြင်ခိုင်းလား မလုပ်ခိုင်းပဲ လုပ်ပြန်ပြီ စောက်လုပ်ရှုပ်တယ်"
မနက်တိုင်း ၅နာရီထကာ မနက်စာထပြင်ပေးတဲ့ လူကို ငြင်းခဲ့တဲ့ စကားသံတွေ၊ပုံရိပ်တွေက ထမင်းစားခန်းမှာ ပြည့်နေသည်။
"အင်္ကျီထုတ်ပေးပြီး ကုတင်ပေါ်တင်ပေးထားတယ်"
"မင်းကို ဘယ်သူက ထုတ်ခိုင်းလဲ အခန်းထဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဝင်တာလဲ လက်ထပ်ထားတိုင်း မင်းက ငါ့မိန်းမမဟုတ်ဘူး ၃နှစ်ပြီးရင် ကွာရှင်းမှာ မြဲမြဲမှတ်ထား "
သူ့အိပ်ခန်းထဲဝင်ပြီး တစ်ခုခုပြင်ဆင်ပေးတိုင်း စကားတွေနဲ့ ထိုးစစ်ဆင်ကာ မောင်းထုတ်နေကျ။တာဝန်ဝတ္တရား တစ်ရက်မပျက်ခဲ့သလို အမြဲ သူ့အတွက်ပဲ လုပ်ပေးခဲ့တာ။
"အေး သုံးနှစ်ပဲ သုံးနှစ်ပြီးရင် မင်းနဲ့ ကွာရှင်းပြီး ငါချစ်တဲ့သူနဲ့ လက်ပြန်ထပ်မှာ"
YOU ARE READING
One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
FanficThis work is my random delulu short stories of PPW ❣️ So, enjoy na🥺🩷