ခရီးပင်ပန်းလာတာမို့ အကြာကြီးအိပ်ချင်ပေမယ့် စိတ်က အိပ်မပျော်တာမို့ အစောကြီးနိုးနေသည်။နာရီကြည့်တော့လဲ မနက် 5နာရီပဲရှိသေး လာခေါ်မယ့် အချိန်ထပ် 4နာရီတောင် စော၍နိုးနေမိခြင်းဖြစ်သည်။
"အားး အစောကြီးနိုးနေတာပဲ အထက်တန်းဒုတိယနှစ် Pond Naravit ရဲ့ Basketball ပွဲအတွက် အစောကြီး ထခဲ့တဲ့ အခေါက်ကလွဲပြီး ဒါဟာ ၅နှစ် ၆နှစ်အတွင်းပထမဆုံး အစောကြီးနိုးတာပဲ" ဘဝမှာ မလုပ်ဖူးတာတွေအကုန် လုပ်ရတဲ့ အကြောင်းတိုင်းက Pond Naravit သာ။
နိုးနေလဲ မထူးတာမို့ ဒီနေ့ဝတ်သွားမယ့် အဝတ်အစားရွေးရန်ပဲ ထလာလိုက်သည်။အိပ်ရေးမဝပေမယ့် သူဟာ ထူးထူးခြားခြား အင်ပြည့်အားပြည့်နဲ့ကို နိုးလာခဲ့တာမို့ အချစ်ရဲ့စွမ်းအားဆိုတာ ဒါမျိုးပါလား ဟုတွေးမိသွားသည်။
အင်္ကျီရွေးပြီး Satangကို သတိရတာမို့ ဖုန်းဆက်ရန် အချိန်ကြည့်တော့ မနက်၆နာရီ။ နိုးနေပါစေလို့ ကြိတ်ဆုတောင်းကာ ဖုန်းခေါ်လိုက်သည်။ကံကောင်းချင်တော့ Satang က သူ့ဖုန်းကို တက်တက်ကြွကြွ လာကိုင်သည်။
"ပြောပါအုံး စောစောစီးစီးနိုးနေတဲ့ အကြောင်း"
"ဒီလိုကွာ . . . . ." ဟု အစချီကာ မနေ့က Phi Maddie နဲ့ တွေ့တဲ့အကြောင်းကစ၍ အခုမနက်၉နာရီချိန်းထားတာပါ ပြောပြလိုက်သည်။တကယ်ကက Phi Maddie နဲ့ ကိစ္စ မနေ့ကတည်းက ပြောရန် ရည်ရွယ်ထားပါသော်လည်း Satang က ဟိုလူနဲ့ အတူရှိနေတာမို့ မပြောပြခဲ့ရပေ။
"Phuwin မင်းသူငယ်ချင်းတစ်ယောက်အနေနဲ့ တစ်ခုလောက်မေးလို့ရမလား"
"ဟ ကြီးကြီးကျယ်ကျယ်တွေ မေးလေ"
"မင်းအရင်လိုပဲလား သဘောကျတုံးပဲလား"
"ငါ့နှလုံးသားက သူ့အတွက်ပဲခုန်နေတာကွာ"
"အေး အကယ်၍ သူက မင်းကို သဘောကျနေမယ်ဆိုရင်ရော"
"ငါ . . .ငါ "
"မဟုတ်ပါဘူး မေးကြည့်တာ ဒါပေမယ့် အရမ်းခင်လို့အကြံပေးရမယ်ဆိုရင် သူကလဲသဘောကျတယ်မင်းလဲသဘောကျတယ်ဆိုရင် အချိန်မဆွဲနဲ့ အခုတောင် အတူရှိရမယ့်အချိန်တွေ နစ်နာနေပြီလေ"
YOU ARE READING
One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||
FanfictionThis work is my random delulu short stories of PPW ❣️ So, enjoy na🥺🩷