If

390 35 10
                                    

အကယ်၍များ ကျွန်တော်တို့ဆုံခဲ့ကြရင်
အကယ်၍များ ကျွန်တော်က ခင်ဗျားလက်ကိုဆွဲပြီး ဖွင့်ပြောဖို့သတ္တိရှိခဲ့ရင်
အကယ်၍များ ကျွန်တော်သာပိုပြီး သတ္တိရှိခဲ့မယ်ဆိုရင်. . . .။

အချစ်ဆိုတာက ချစ်နေရယုံပဲမလားလို့ တွေးခဲ့မိသည့် ကိုယ့်ကိုယ်ကို အံ့ဩမိသည်။အခုချိန်မှ သွားပြင်လဲ ဟိုက ကောင်မလေးတစ်ယောက်နဲ့ တွဲနေပြီ။

သူဘာလုပ်သင့်လဲ အစထဲက မဆုံခဲ့ဖို့ ဆုတောင်းရမလား ဒါမှမဟုတ် သူဟာ သတ္တိရှိရှိနဲ့ ဖွင့်ပြောဖို့ လုပ်ခဲ့ရမလား။ ဒါဆို အဆုံးသတ် အဖြေက ပြောင်းလဲသွားမလား။

"Phuwin Tang!!!"

ဟုတ်ပါတယ် သူက Phuwin Tangပါ။လေးနှစ်ကြာ သဘောကျနေတဲ့ လူကို ဖွင့်မပြောပဲ နှုတ်ပိတ်နေရင်း အခုတော့ သူများနောက်ပါသွားတာ လက်ပိုက်ကြည့်နေရတဲ့ ကောင်ပေါ့။

"မင်း ဘယ်လိုလုပ်မလဲ ဟိုက ပါသွားပြီ" အားမရဟန်နဲ့ လာပြောတဲ့ Satang ကို ပြုံးပြပြီး ပုခုံးလေးတွန့်ပြလိုက်သည်။

သူဘာတတ်နိုင်မှာလဲ။ သူနားလည်တာပေါ့ အချစ်ဆိုတာ တားဆီးလို့ မရ။သူလို သတ္တိနည်းတဲ့ကောင်ဆီမှာတောင် တားမရတဲ့ အချစ်ဟာပေါက်ဖွားလာတာပဲလေ။

"ပြောမနေနဲ့ လာ အတန်းစတော့မယ်"

ဘာပြောရမှာလဲ ပြောစရာစကားလဲမရှိပါ။ သူဟာ အထက်တန်းပထမနှစ်ထဲက အရိပ်တကြည့်ကြည့် သဘောကျလာတဲ့ ‌လူတစ်ယောက်လုံးက ကိုယ်ရှေ့မှာ သူ့ရဲ့ အသစ်စက်စက် ရည်းစားလေးနဲ့ ချစ်ကြည်နူးနေတာတောင် အော်ငိုပြီး ပစ်လဲခွင့်မရှိတဲ့ သူပါလေ။

ဟုတ်တယ် လေးနှစ် သူဟာ ဒီလူကို လေးနှစ်သဘောကျခဲ့ရသည်။ Basketball ကစားတာ အရမ်းတော်တဲ့ လူဟာ သူ့ထပ်အသက်ကြီးပေမယ့် ကျောင်းနှစ်နှစ်နားကာ ပြိုင်ပွဲတွေဝင်ပါခဲ့လို့ သူနဲ့အတူ အထက်တန်းပထနှစ် လာတတ်ဖို့ဖြစ်လာရသည်။

One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now