Paws of Fate 🐾

367 35 8
                                    

ခွေးလေးတစ်ကောင်လောက် မွေးလိုက်ရင် ပျော်စရာကောင်းလားမလား ဆိုပြီး ‌ပါပီလေးတစ်ကောင် မွေးလိုက်ပါတယ်။

အိမ်မှာနေ့တိုင်း မေမေက သားမှားပြီး ချစ်နေလို့ သူ့မှာ အပယ်ခံဖြစ်ရသည်။ဒီကြားထဲ ညနေတိုင်း ပြန်လာရင် ကိုယ်က နားချင် သူက လမ်းလျှောက်ထွက်ချင်ရတာနဲ့ အလုပ်ပိုလာသည်။ပင်ပန်းလဲ ချစ်တော့ အလိုလိုက်ရတာပဲ။

ဒီလောက်အလိုလိုက်ပေးတာတောင် သူ့ကိုချစ်လာမေးရင် နှစ်ယောက်တည်းရှိချိန်တော့ သူ့ကိုပဲ ချစ်သလို လုပ်ပြပေမယ့် အမေပြန်လာရင်တော့ မေမေ့ကိုပဲ ကပ်သည်။သူလှမ်းခေါ်ရင်တောင် မလာချင်။ဘယ်သူ့ခွေးလဲ ဘယ်သူမွေးထားတာလဲ ပြန်မေးခွန်းထုတ်နေရတဲ့အထိ။

"Parker ရေ ကိုကို့ဆီလာပါအုံး"

ခေါ်နေတာကို ကြားရက်နဲ့ မသိချင်‌ယောင်ဆောင်ကာ တစ်ဖက်လှည့်သွားတဲ့ ‌အကောင်ပေါက်ကို ရိုက်ချင်ပေမယ့် မာတာမိခင်ကို ကြောက်ရတာမို့ ဟောက်တောင်မဟောက်ရဲ။

"Parker ရာ ကိုကို မင်းကို မွေးထားတာပါ မင်းကိုကို့ ကိုကျေးဇူး မဆပ်ချင်ဘူးလား"

မေမေ့နားကပ်ကာ ဒီဘဲ ဘာတွေလာပြောနေတာ ဆိုတဲ့ မျက်နာပေးနဲ့ ကြည့်နေတာမို့ အိမ်က ညီက အားရပါးရရယ်ကာ

"အစထဲကပြောသားပဲ သူ့ကို ကိုကိုပဲ သေချာပြုစုပါလို့ အခု သူက ကိုကို့ကို ကစားဖော် မေမေ့ကို သခင်ထင်နေပြီ"

"ငါအဲ့တုံးက ခရီးတွေထွက်နေရတာလေကွာ ဘယ်တတ်နိုင်မလဲ ချစ်တော့လဲ အဖက်မလုပ်လဲ ခံရမှာပဲ"

သူပြောနေတာ ကြားပေမယ့် မသိချင်ယောင်ဆောင်ကာ မေမေ့ကို ပိုကပ်ချွဲနေလို့ ဒေါသထွက်ရသည်။

"မင်း အာ့လိုလုပ်ရင် ကိုကိုက Royal Canin ဝယ်ကျွေးမလို့ကိုကွာ"

"ကိုကို ဝယ်မကျွေးလဲ မေမေဝယ်ကျွေးမယ် Parker နော်"

မေမေ့ကိုရော Parker ကိုရော မနိုင်လို လစ်လျူရှုကာ အိပ်ရာဝင်ရန်ပြင်ရသည်။မနက်ကျ Parker နဲ့ အတူတူ ပြေးရ လမ်းလျှောက်ရအုံးမယ်လေ။

_____________

ပုံမှန်မနက်ဆို တက်ကြွနေကြကောင်က ဒီနေ့တော့ မလျှောက်ချင်သလိုလို လျှောက်ချင်သလိုလို လုပ်နေသည်။

One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now