FATE

523 41 16
                                    

"ဟာကွာ" လက်ထဲက အမဲရောင်ဘူးသေးလေးကို ကျစ်နေအောင်စုပ်ကိုင်ပြီး လေပူတစ်ချို့မှုတ်ထုတ်လိုက်သည်။
သည်းခံမှုတွေများလာတဲ့အခါ အနိုင်ယူလာတော့တာပဲလား Phuwin Tang။

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်"
ဖုန်းအော်ပရေတာအမျိုးသမီးဆီက ထွက်လာတဲ့ အသံဟာ သူ့ရင်ထဲက အပူတွေကို လှောင်ရယ်နေသလို။

"အစ်ကို ဆိုင်ပိတ်တော့မှာမို့" စားသောက်ဆိုင်စားပွဲထိုးကောင်လေးရဲ့ အားနာစွာ ဆိုလာတဲ့ အသံကို ခေါင်းညှိတ်ပြပြီး ဆိုင်ထဲကနေထွက်လာလိုက်တယ်။

"လိုက်လျောပေး နားလည်ပေးတာတွေများလွန်းတော့ ငါကဈေးပေါသွားတာလား Phuwin Tang" ကားပါကင်ထဲမှာ တစ်ယောက်တည်း တိတ်တိတ်ရေရွတ်နေတုံး မြင်လိုက်လိုက်ရတဲ့ ပုံရိပ်နှစ်ခု။

ဒေါသတွေထွက်လာတဲ့အခါ ထိန်းမနေတော့ပဲ အမြန်ပြေးသွားလိုက်တယ် ဒီပြဿနာ အထူးသဖြင့် နှလုံးသားနဲ့ဆိုင်တဲ့ ပြဿနာကို သူအမြန်ရှင်းမှရမယ်။

"ငါနဲ့ ချိန်းထားတာကို မလာနိုင်တာ မင်းအသစ်ရနေ‌လို့ပေါ့ Phuwin Tang" မျက်လုံးအဝိုင်းလေးတွေနဲ့ လှည့်လာပေမယ့်  အံ့အားသင့်သွားချင်းမရှိတဲ့ လူ။မျက်လုံးဝိုင်းလေးတွေမှာ အရင်လို ကြင်နာမှု၊ချစ်ခင်မှူတွေမပါနေ။သေချာတာက တစ်ခုခုပျောက်ဆုံးနေသယောင်။

"မြင်တဲ့အတိုင်းပဲ" အမြဲတမ်းရှင်းပြချက်တွေနဲ့ ပြည့်နေတဲ့ ကောင်လေးဆီက ဖြေရှင်းချက်တွေပြန်မရတော့ပဲ တည့်တိုးအဖြေကြီးပြန်ရတော့လဲ ရင်ထဲမှာခံစားသွားရသည်။

"အခုတော့ မလိမ်တော့ဘူးပေါ့ ငါ့စကားတွေကို မင်းအလေးမထား‌တာ မဟုတ်ပါဘူး မင်းသတိမေ့သွားတာပါလို့လေ ဟမ်း Phuwin Tang" ဘာလို့မေးမိသလဲ ဘယ်လိုအဖြေကို ကြားချင်လို့လဲ ကိုယ့်ကိုယ်တိုင်တောင် နားမလည်တော့။

"လိမ်ရတာ မောလာပြီ Khun Naravit ဒီတိုင်းပဲ ခင်ဗျားခံစားရမှာစိုးလို့ လိမ်ပေးနေတာ အခုခင်ဗျားမြင်တဲ့အတိုင်းပဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကိစ္စ အဆုံးသတ်ရအောင်"

One Shots ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now