ရှည်လျားလွန်းတဲ့အိပ်မက်ကနေ နိုးထလာတဲ့အချိန်မှာ ဂျောင်ဟန့်မျက်တောင်တွေက အနည်းငယ်စိုစွတ်နေသည်။ ဒီတစ်ခါတော့ ဂျီဆူးက မတူညီတဲ့ပုံစံနဲ့ ဂျောင်ဟန့်အိပ်မက်ထဲကိုရောက်လာခဲ့သည်။ အရာအားလုံးကိုမေ့သွားတဲ့ ဂျီဆူးက ဂျိုရှုအာတဲ့လေ။ ဂျီဆူးတစ်ခါပြောပြဖူးတဲ့ LA မှာနေတုန်းကနာမည်ကို အဲ့ဒီအချိန်တည်းက ဂျောင်ဟန့်စိတ်ထဲစွဲထင်နေခဲ့ခြင်းဖြစ်၏။ ဂျိုရှူအာအနေနဲ့ရောက်လာခဲ့တဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ဂျီဆူးက အရာရာ အစကနေပြန်စရတာတောင် သူ့ကိုပဲပြန်ချစ်ခဲ့ပါသတဲ့။ ဆယ်ကျော်သက်အရွယ်အကျင့်စရိုက်နဲ့ ဂျီဆူးကြောင့် ဂျောင်ဟန့်ရင်ခုန်သံတွေကို တစ်ဖန်ပြန်သတိရစေခဲ့သည်။ အဆုံးသတ်မှာတော့ သူက ဂျီဆူးကို ငြင်းလိုက်တယ်တဲ့လေ။ ဂျောင်ဟန့် မသိစိတ်က ဂျီဆူးကို အတော်လေး အနိုင်ကျင့်ချင်နေဟန်ရသည်။
အိပ်မက်ထဲမှာမို့သာ ငြင်းဆိုနိုင်တာဖြစ်ပြီး လက်တွေ့မှာဆိုရင်တော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဂျီဆူးဆီမှာကျရှုံးရမှာကိုသိနေတာကြောင့် ဂျောင်ဟန် မိမိကိုယ်ကိုပင် ရယ်ချင်လာသည်။
ဒီနေ့ ပရောဂျက်အသစ်စမှာဖြစ်တာကြောင့် အလုပ်ကိုအနည်းငယ်စောသွားရပေမည်။ ကြက်သွေးရောင်အင်္ကျီကိုဝတ်ဆင်ပြီးနောက် မနက်စာမစားတော့ဘဲ ဂျောင်ဟန်ထွက်လာခဲ့လိုက်၏။
ဒီနေ့ဆိုရင် ဂျောင်ဟန့်ဘဝထဲကနေ ဂျီဆူးထွက်ပြေးသွားတာ (၆) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့တဲ့ (၆) နှစ်က ချခဲ့တဲ့ဆုံးဖြတ်ချက်ကို ပြန်တွေးမိတိုင်းမှာ ဂျောင်ဟန် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမြဲ။
ဂျီဆူးချိန်းဆိုသွားခဲ့သည့် တစ်လပြည့်သည့်နေ့ မနက်အစောပိုင်းမှာ ဂျီဆူးဆီက စာတစ်စောင်ဝင်လာ၏။
စာထဲမှာပါလာသည်က ကော်ဖီဆိုင်လိပ်စာနှင့် တွေ့မည့်အချိန်။ ဒီဖိတ်ကြားမှုက ဘယ်အရာကိုဦးတည်နေသလဲဆိုတာကို ဂျောင်ဟန်နှစ်ခါတွေးစရာတောင်မလိုခဲ့။သွားတွေ့လျှင် ကျိန်းသေပေါက် ဂျီဆူးက ဂျောင်ဟန့်ကို အနူးညံ့ဆုံးပြုံးပြပေလိမ့်မည်။ အဲ့ဒီအခါမှာ နှစ်နဲ့ချီသဘောကျခဲ့ရတဲ့ မနက်ခင်းနေရောင်ခြည်လိုအပြုံးနုနုတွေကို ဂျောင်ဟန်မုန်းတီးသွားနိုင်သည်။ အဲ့ဒီအခြေအနေကြီးကို တွေးကြည့်ရုံနဲ့တောင် ဂျောင်ဟန်မရင်ဆိုင်ရဲ။
![](https://img.wattpad.com/cover/324189816-288-k732138.jpg)
YOU ARE READING
The Most Beautiful Day
Fanfictionမျက်ဝန်းတွေကို စူးစိုက်ကြည့်မိတဲ့တစ်ခဏအတွင်းမှာပဲ မင်းကငါ့ရဲ့ထာဝရဆိုတာကို သိခဲ့ရတယ် ။