The whole episode is written in Shua's POV
Song recommendation : Angel Baby ( Troye)
-🍥-
မနက်အစောပိုင်းနေရောင်ခြည်ရဲ့ နွေးထွေးမှုက ဘတ်စ်ရဲ့ပြတင်းပေါက်မှန်ကနေတစ်ဆင့် သူ့အပေါ်ကို ခပ်ဖျော့ဖျော့ လွှမ်းခြုံထား၏။ မတိုးမကျယ်သီချင်းသံက နားကြပ်ကနေတစ်ဆင့် သူ့အာရုံထဲ ကူးလူးနေရဲ့။ အချိန်အများစုမှာ ပြုံးနေတတ်တဲ့အလျောက် အထွေအထူးပျော်စရာမရှိတဲ့အခြေအနေမှာတောင် သူ့နှုတ်ခမ်းအနားသတ်တွေက တွန့်ကွေးလို့။
နွေးထွေးတဲ့ နေရောင်ခြည်ရယ်၊ သီချင်းအေးအေးရယ်…။ ကိုယ်တိုင်ဖန်တီးထားတဲ့ ပတ်ဝန်းကျင်က ဆိတ်ငြိမ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်လို့။
*ကျွီ*
ဆိတ်ငြိမ်နေတဲ့ သူ့ရဲ့ကမ္ဘာက ရုတ်တရက်ဘရိတ်အုပ်လိုက်တဲ့ ကားဆရာကြောင့် ယိုယွင်းသွား၏။ ရုတ်တရက်ကားရပ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲက ဒီလောက်နဲ့တော့ ပြီးမသွားခဲ့။
သူ့ဘေးနားမှာ မတ်တပ်ရပ်လျက်စီးလာတဲ့ ကောင်လေးတစ်ယောက်က ဟန်ချက်မထိန်းနိုင်ဘဲ အရှေ့ကို လဲကျမလိုဖြစ်သွားရဲ့။ အလျင်စလို လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်တော့ လဲကျတဲ့ဦးတည်ရာက သူ့ထံဖြစ်သွားခဲ့တယ်။ သူဆုပ်ကိုင်မထားတဲ့လက်တစ်ဖက်က သူ့ဘယ်ဘက်ရင်အုံထက် မပြင်းမလျော့အရှိန်နဲ့လာဖိတယ်။ လက်ထဲကဟော့ဒေါ့ရဲ့အချဉ်တွေနဲ့ သူ့အင်္ကျီကို ညစ်ပေစေရင်းပေါ့။
အနည်းငယ် တွန့်ချိုးသွားတဲ့ မျက်ခုံးတန်းတွေက ထူးဆန်တဲ့ခံစားချက်ကြောင့်ရယ်။ ဒါကို တစ်ဖက်က မည်သို့ထင်သွားသည်မသိ။ ဆုပ်ကိုင်ထားသည့်လက်ကို ရုန်းထွက်ရင်း အလျင်စလိုတောင်းပန်တော့သည်။ တောင်းပန်သံက တိုးလျလွန်းတာကြောင့် သူ့နားစည်ကို သေချာမရိုက်ခတ်။
တုန့်ပြန်မလာတဲ့ သူ့အမူအယာကြောင့် ထိုကောင်လေးက ခါးကိုပြန်မတ်ပြီး သူ့ကိုမဝံ့မရဲ့ကြည့်၏။ မျက်နှာကိုတစ်သေတစ်ချာကြည့်မိတော့ မြင်နေရသည်က တောက်ပလွန်းသည့် မျက်ဝန်းတစ်စုံ။ သူများတွေပြောနေကြတဲ့ ‘ ကြယ်တွေကို မျက်ဝန်းထဲထည့်ဖွက်ထားသလိုပဲ ’ ဆိုတာ ဒီလိုမျက်ဝန်းတွေကိုပြောတာဖြစ်မည်ထင်သည်။

STAI LEGGENDO
The Most Beautiful Day
Fanfictionမျက်ဝန်းတွေကို စူးစိုက်ကြည့်မိတဲ့တစ်ခဏအတွင်းမှာပဲ မင်းကငါ့ရဲ့ထာဝရဆိုတာကို သိခဲ့ရတယ် ။