One

751 74 6
                                    

အထုပ်လေးဆွဲကာကားဂိတ်မှာယောင်လည်လည်ဖြစ်နေသူကတော့....သုရှင်းရသဟုအမည်တွင်သော...ရသဖြစ်တော့သည်....

''ရသလေး....မေမေကဒီမှာ......''

ခပ်လှမ်းလှမ်းကသစ်ပင်ရိပ်ကနေလက်လှမ်းပြနေတဲ့မေမေ့ကိုတွေ့တာကြောင့်ရသလည်းအထုပ်ကိုဆွဲကာသစ်ပင်ရိပ်ကိုပြေးလာခဲ့သည်.

''မေမေ့....''

ငါးနှစ်သမီးအရွယ်ထဲကခေါ်ခွင့်မရတော့တဲ့ထိုအခေါ်အဝေါ်လေးအား...ရသအသက်၂၂နှစ်မှပြန်ခေါ်ရသည်မို့အားရပါးရအော်ခေါ်လိုက်မိသည်

''ရသလေး....မေမေ့သမီးလေး.....''

ဒေါ်စိမ့်စိမ့်ရည်ဝင်း မှာ...နှစ်ကာလများစွာဝေးကွာခဲ့ရတဲ့သမီးကိုခပ်တင်းတင်းဖက်ရင်းမျက်ရည်တွေစီးကျနေခဲ့သည်......
သားသမီးနဲ့ခွဲနေရတဲ့မိခင်တစ်ယောက်ရဲ့ဒုက္ခကိုဘယ်သူမှကိုယ်ချင်းမစာနိုင်ပါဘူး....ဘယ်လောက်ထိတောင်ပူလောင်ရလဲဆိုတာ.....

''မေမေ့ကို ရသကအများကြီးသတိရနေတာ...''

မေမေကရသကိုဖက်ထားသော်လည်းရသကမေမေ့ထက်အရပ်အများကြီးမြင့်နေပြီမို့...မေမေ့ကရသရဲ့ရင်ခွင်ထဲနစ်နေသည်...
အိမ်မက်ထဲမှာသာယောင်ရမ်းဖက်ခဲ့ရသောမေမေ့ကိုလက်တွေ့ကျကျဖက်ခွင့်ရတာမို့ရသမှာဝမ်းသာလုံးဆို့ကာမျက်ရည်တွေပါဝဲလာရသည်....

''မေမေလည်းသတိရတာပေါ့မေမေ့သမီးရယ်.......သမီးဓာတ်ပုံလေးတွေကိုဘဲကြည့်ရင်းနဲ့
မေမေ့မှာတစ်နေ့တစ်နေ့အလွမ်းဖြေနေရတာ......''

ရသငယ်ငယ်ကမှတ်ဉာဏ်ထဲကမေမေ့ပုံစံက.အသားဖြူဖြူ...ပိန်ပိန်ပါးပါးနဲ့နွဲ့နွဲ့နှောင်းနှောင်းရှိလှသည်......
ယခုအသက်၂၂နှစ်မှာပြန်တွေ့ရသောမေမေကလည်း....အနည်းငယ်ပြည့်ဖြိုးလာသည်မှလွဲ၍နွဲ့နှောင်းတဲ့ဟန်ပန်တွေကအရင်တိုင်းပင်....

''မေမေကလေ...မေမေ့ကိုတွေ့တွေ့ချင်းရသလေးကကြောင်ကြည့်နေတော့မမှတ်မိတော့ဘူးထင်နေတာရယ်.......''

''ရုတ်တရက်ဆိုတော့ရသလည်းအံ့သြသွားတာပါမေမေရဲ့....ရသကမေမေ့ကိုမမှတ်မိစရာလား...''

ရသကငယ်ငယ်ကဖြူဖြူသေးသေးလေးဆိုပေမဲ့အခုတော့....စိမ့်တောင်ပြန်မော့်ကြည့်နေရပြီ....
ဒီကလေး..အရွယ်ရောက်လာလိုက်တာများ....
အမေထက်တောင်ပိုချောနေပြီ.......

Mother's Friend Where stories live. Discover now