''ဘာလို့လူကိုလိုက်ကပ်နေတာလဲ.....ခပ်ဝေးဝေးနေစမ်းပါ.....သူများမျက်စိထဲကန့်လန့်ဖြစ်မယ်''
မနက်အိပ်ယာကနိုးချိန်မှာ...မျိုးရောရသရောကမနိုးသေးတာမို့စိမ့်ကမနက်စာတွက် ရေနွေးတည်ကာကော်ဖီဖျော်နေတုန်းနိုးလာတဲ့ရှုပ်ရှုပ်ကဘေးကနေပွတ်သီးပွတ်သပ်လိုက်လုပ်နေတာကြောင့်အော်လွှတ်နေရသည်
''ကိုယ့်ချစ်ချစ်နားကိုယ်ကပ်တာဘဲ.....ဘာဖြစ်လဲကပ်တော့......အန်တီစိမ့်မကြိုက်လည်းကပ်တယ်ကွာ..ကပ်တယ်...''
''ကဲ....ရေနွေးလောင်မယ်မောင်ရယ်..... ''
''ဘယ်လို....အန်တီစိမ့်ဘယ်လိုခေါ်လိုက်တာ.....''
ရုတ်တရက်စိမ့်ပါးစပ်ကထွက်သွားတဲ့စကားကိုစိမ့်ကိုယ်တိုင်တောင်မယုံနိုင်ဖြစ်သွားရသည်...
''အဲ.....ဟို......''
''ထပ်ခေါ်ပါအုံး... ရှုပ်ရှုပ်အဲ့လိုအခေါ်ခံရတာလေးသဘောကျလို့....နော်''
''ရှုပ်ရှုပ်နော်....''
''ခေါ်ပါအန်တီစိမ့်ရဲ့.....ရှုပ်ရှုပ်ကိုချစ်တယ်မလား....ချစ်တယ်ဆိုခေါ်လေနော်''
ကြည်လင်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အသနားခံနေတဲ့ချစ်ရတဲ့အသဲညှာလေးကိုစိမ့်ဘယ်လိုများဉပေက္ခာပြုရက်နိုင်မှာတဲ့လဲ....
''မောင်......''
'ဗျာ.....''
ရှုပ်ရှုပ်ကစိမ့်ရဲ့မေးဖျားလေးကိုခပ်ဖွဖွနမ်းရင်း
'ချစ်လိုက်တာမောင့်အန်တီရယ်.....အူတွေအသည်းတွေပြုတ်ထွက်တော့မဲ့အတိုင်းဘဲ''
''အူတွေအသည်းတွေတော့ပြုတ်ထွက်တဲ့အထိမချစ်ပါနဲ့မောင်ရယ်.....မောင်နဲ့အချိန်တွေအကြာကြီးနေချင်သေးတယ်ရှင့်''
''အဟား....စကားကလည်းတတ်ပါ့နော်...... အဲ့တာကြောင့်ပြောတာ....လေးဆယ်ကျော်တွေချွဲရင်ရူးလောက်တယ်ဆိုတာလေ''
စိမ့်ကသိုင်းဖက်ထားတဲ့ရှုပ်ရှုပ်ကိုမော့ကြည့်ရင်း
''အိုး...အခုကမချွဲရသေးပါဘူးနော်....အန်တီချွဲလိုက်ရင်မင်းရူးသွားမှာစိုးလို့''
YOU ARE READING
Mother's Friend
Casualeမေမေ့သူငယ်ချင်းကအရမ်းချစ်ဖို့ကောင်းတာဘဲ.... ဒါကတော့အန်တီကြီးတွေနဲ့ချာတိတ်မလေးတွေအကြောင်းပေါ့နော် Sweetcandy