သတိဝင်လာသောအခါ..မျိုးမှာရသရင်ခွင်ထဲကရုန်းထွက်တော့သည်
''ဒါဘာလုပ်တာလဲရသ....''
''ရသတောင်းပန်ပါတယ်အန်တီမျိုး......ရသစိတ်တွေမထိန်းနိုင်လို့....''
''မိကောင်းဖခင်သားသမီးတစ်ယောက်အနေနဲ့မင်းရဲ့အပြုအမူကစော်ကားလွန်းတယ်....စိမ့်မျက်နှာ
ကြောင့်ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်....နောက်တစ်ခါဆိုမင်းကိုတို့အသရေဖျက်မှုနဲ့တရားစွဲရလိမ့်မယ်ရသ''ပြောပြီးတာနဲ့ ဝုန်းကနဲထရပ်ကာတဲအပြင်ဘက်ထွက်သွားတဲ့အန်တီမျိုးကိုရသငေးရုံသာတတ်နိုင်သည်
ထိုစိတ်ကြီးသောအမျိုးသမီးကိုမှရသကသွားဆွမိတာကိုး...ဟိုကပါးမချသွားတာကံကောင်း....''ဒါဘာသဘောလဲ....ငါ့ကိုလွယ်တယ်လို့သဘောထားလိုက်တာလား........''
တဲအပြင်ကိုထွက်လာတဲ့မျိုးမှာတစ်ယောက်ထဲကျိတ်မနိုင်ခဲမရတွေဖြစ်ကာဒေါပွလျက်ရှိသည်....
ကိုယ်ကိုယ်တိုင်ကလည်းဒင်းနဲ့အတူမျောသွားတာကိုစိတ်ပျက်မိသည်......''အဲ့မှာအလကားစေတနာပိုချင်တာကိုး..ခံလိုက်ပေါ့မျိုးဝင့်ဝါနိုင် ''
မျိုး...ပေါက်ကွဲနေချိန်မှာဘဲ...ရှုပ်ရှုပ်နဲ့စိမ့်ကလက်ချင်းချိတ်ကာတဲဘက်ကိုလျှောက်လာလေသည်
အံမလေး....မွေးရကျိုးနပ်ရှာတဲ့သမီးတော်ကစိမ့်မျက်နှာနားကိုတငုံ့ငုံ့နဲ့ဘာတွေတွတ်ထိုးနေမှန်းမသိဘူး...မအေကိုတော့ကျီးထိုးထိုးခွေးစားစားပစ်သွားတာများ....
''ဟဲ့....မျိုး...အဲ့တာကဘာဖြစ်နေတာလဲ...''
''ငါ...ငါကဘာဖြစ်နေလို့လဲ ''
''အဲ့မှာလေ....မျက်နှာတစ်ခုလုံးကစူပုတ်နေတာ...မသိရင်အပျိုတုန်းကရည်းစကားအပြောခံရတဲ့အတိုင်းဘဲ''
စိမ့်ကမျိုးထိုင်နေတဲ့သစ်သားတန်းလျားမှာထိုင်ချရင်းရယ်ကျဲကျဲနဲ့ပြော၏
''တော်စမ်း...ပေါက်ပန်းလေးဆယ်တွေ.....နေပါအုံး..ငါ့ကိုဘဲလာပြောနေတာ....နင်တို့နှစ်ကောင်ကရော....ဘာလဲ...''
မေမေ့စကားကြောင့်အန်တီစိမ့်ကရှုပ်ရှုပ်လက်မောင်းကိုလက်ညိုးနဲ့တို့ကာ...ပြောလိုက်ဟုခပ်တိုးတိုးလေးကပ်ပြောပြန်သည်...
အဲ့တာမျိုးလေးတွေဆိုအန်တီစိမ့်ကသိပ်ချစ်စရာကောင်းတာ...
YOU ARE READING
Mother's Friend
Randomမေမေ့သူငယ်ချင်းကအရမ်းချစ်ဖို့ကောင်းတာဘဲ.... ဒါကတော့အန်တီကြီးတွေနဲ့ချာတိတ်မလေးတွေအကြောင်းပေါ့နော် Sweetcandy