Four

315 59 3
                                    

မနေ့ကဘယ်လောက်ထိသောက်မိသွားလဲမသိပေမဲ့...မျိုး..အိပ်ယာကထချိန်မှာတော့ခေါင်းတစ်ခုလုံးကိုက်ခဲနေတာဘဲ....

''ဟင်....ငါကဘယ်မှာအိပ်နေတာလဲ''

အိပ်ခန်းမှာမဟုတ်ဘဲဧည့်ခန်းကဆိုဖာမှာအိပ်နေတဲ့အပြင်ကို.....စိမ့်ရဲ့အိမ်မှာဖြစ်နေလေသည်...
တကယ်..အရက်သောက်မိရင်လူစိတ်ပျောက်သွားတာဘဲ....

''အွန်း......''

တဖက်ကဆိုဖာပေါ်မှာရှိနေတဲ့စိမ့်ကလည်းမျက်လုံးမပွင့်တပွင့်နဲ့ထလာပြန်သည်...

''မျိုး...ငါဘယ်ရောက်နေတာလဲ''

သူ့အိမ်က..ဧည့်ခန်းမှာရှိတဲ့ဆိုဖာမှာအိပ်နေတာတောင်ဘယ်ရောက်နေတာလဲဆိုတော့....ညကသိပ်မသောက်ခဲ့ရှာပါဘူး.....

''နင့်အိမ်မှာဘဲ.....ညကငါဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိတော့ပါဘူး......''

''ငါရောဘဲ....ကလေးတွေဘယ်ချိန်ပြန်ရောက်လာလဲမသိဘူး......စောစောမှပြန်လာရဲ့လား''

''ကလေးတွေကစောစောပြန်လာလို့မေမေတွေအန်
ဖတ်ကိုကျုံးပေးနိုင်တာပေါ့''

အထုပ်ပေါင်းများစွာဆွဲကာအိမ်ထဲဝင်လာတဲ့ရှုပ်ရှုပ်ကသူမတို့ကိုလှမ်းပြောသည်

''မေမေ့ကိုစိတ်ဆိုးတယ်.....ဘယ့်နှယ်....အမေလေးတစ်ယောက်ရှိပါတယ်....သူများအိမ်မှာအရက်မူးပြီးအိပ်နေရတယ်လို့......သမီးမျက်နှာအိုးမဲသုတ်တာဘဲမေမေ''

ခါတိုင်းရှုပ်ရှုပ်ကအဲ့လိုပြောရင် မျိုး...နားရွက်ဆွဲလိမ်မိမှာသေချာပေမဲ့....အခုတော့ပြန်ပြီးမျက်နှာချိုသွေးနေရပါသည်...

''မေမေကနည်းနည်းပါသမီးရယ်''

''မေမေ့နည်းနည်းကလည်းနော်.....ကိုယ့်ကိုကိုယ်အပျိုလို့တောင်ထင်သွားရတဲ့အထိဘဲ''

''အယ်........အဲ့လောက်ထိဖြစ်ခဲ့တာလား....''

ထိုအခိုက်မှာဘဲရသကဗန်းလေးနဲ့ဖန်ခွက်နှစ်ခွက်ကိုသယ်လာ၏

''အမူးပြေသွားအောင်ပျားသံပုရာဖျော်ထားတယ်...သောက်လိုက်ပါအုံး''

မကြီးမငယ်နဲ့ကဲမိတဲ့အန်တီကြီးနှစ်ယောက်ခမျာရှက်အမ်းအမ်းနဲ့ဘဲပျားသံပုရာကိုသောက်ရတော့သည်

Mother's Friend Where stories live. Discover now