''ရသ.....ဒါကဘယ်ကိုသွားမလို့လဲ''
အိမ်ထဲကနေအဝတ်စားအိတ်ကိုဆွဲကာထွက်လာတဲ့ရသရှေ့ပိတ်ရပ်လိုက်သူက....ကောင်းဆတ်သာ
''ရှင်နဲ့မဆိုင်ဘူး......ကျွန်မလမ်းကျွန်မသွားပါရစေ''
''ကိုခွင့်မပြုဘူးရသ...မင်း...ဟိုမိန်းမဆီသွားမှာမလား''
ရသ...သူ့စကားတွေကိုနားမလည်သလိုပြန်ကြည့်လိုက်တော့...
''ကိုယ်အားလုံးသိတယ်ရသ......ကိုယ်ကအဲ့မိန်းမထက်ဘာတွေများနိမ့်ကျနေလို့လက်မခံနိုင်ဖြစ်နေရတာလဲ''
''ရှင့်ကိုဘာမှရှည်ရှည်ဝေးဝေးမပြောချင်ဘူး...အခုဖယ်တော့''
''ရသ......''
ရုတ်တရက်..ရသရဲ့လက်ကိုဖမ်းဆွဲလိုက်တဲ့ကောင်းဆတ်သာ...
''ကျွန်မအသားကိုလာမထိနဲ့....''
''မင်းရူးနေလားရသ....ငါ့ကိုငြင်းပြီးအဲ့အဖွားကြီးကိုလက်ထပ်ရလောက်တဲ့အထိမင်းအသိဉာဏ်တွေကဘယ်ရောက်သွားတာလဲ''
ရသမှာကိုယ့်အကြောင်းနဲ့ကိုယ်စိတ်ရှုပ်နေရတဲ့ကြားထဲလာဝင်ရှုပ်တဲ့ကောင်းဆတ်သာကြောင့်ဒေါသပါထွက်လာရသည်
''ကျွန်မဘာသာဘယ်သူ့ကိုယူယူရှင့်အပူမပါဘူး''
''မင်းနဲ့ငါကလက်ထပ်ရမဲ့လူတွေရသ...''
''ရှင့်ကိုကျွန်မကလက်ထပ်ရမယ်...ဟုတ်လားကောင်းဆတ်သာ......ရူးနေတဲ့လူဘဲရှင့်ကိုလက်ထပ်လိမ့်မယ်..ကျွန်မကတော့ကန်တော့ဆွမ်းဘဲ''
ရသလည်းသူ့လက်ကနေလွတ်ဖို့အားကုန်ရုန်းကာ..လမ်းမပေါ်ပြေးအထွက်....
'တီတီ.....''
မျက်နှာချင်းဆိုင်ကလာနေတဲ့ကားရဲ့ဟွန်းသံကိုသာကြားလိုက်ရပြီးရသ...အမှောင်ထုထဲရောက်သွားတော့သည်....
................................................................
''အန်တီစိမ့်....အန်တီစိမ့်......ဒီမှာမြန်မြန်လာကြည့်ပါအုံး''
ဒီညနေ.သမီးပြန်ရောက်မှာမို့စိမ့်ကသမီးကြိုက်တဲ့ဟင်းတွေချက်နေတုန်းအိမ်ရှေ့ကရှုပ်ရှုပ်ရဲ့အသံကြောင့်ထွက်လာတော့ရှုပ်ရှုပ်ကလက်ထဲကသတင်းစာကိုလှမ်းပေး၏
YOU ARE READING
Mother's Friend
Diversosမေမေ့သူငယ်ချင်းကအရမ်းချစ်ဖို့ကောင်းတာဘဲ.... ဒါကတော့အန်တီကြီးတွေနဲ့ချာတိတ်မလေးတွေအကြောင်းပေါ့နော် Sweetcandy