ᴇᴘ-𝟸 🍂

163 25 6
                                    



🍂

ဒီနေ့ညတော့ ဆောနူ စိတ်ညစ်နေတာမို့ မေဂျာက သူငယ်ချင်းတွေနဲ့ သောက်ရန် ဘားတစ်ခုကို ရောက်နေခဲ့တာ ဖြစ်သည်။

ရောက်တည်းက ဘာမှ မပြောဘဲ သောက်နေခဲ့ကာ သောက်တာများပြီး သူအဲ့နေရာကနေ ခဏ, ထ ရန် လိုအပ်လာသည်။

" အိုးး အမေ့ ! "

ဆောနူ စားပွဲကနေ မတ်တပ်ရပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ နောက်ကို ယိုင်လဲသွားတော့သည်။
ပြီးတော့ လူတစ်ယောက် ရင်ခွင်ထဲ ရောက်သွားတာကြောင့် ဆောနူ ခဏ တောင့်ခဲသွား၏။

" ဒီကနေ ထွက်ရအောင်.. လာ " ထိုသူက ဆောနူကို တွဲခေါ်သွားသည်။
ဆောနူကိုယ်တိုင်လည်း.. သူစိမ်းတစ်ယောက် ခေါ်သည့်နောက်ကို မငြင်းမိဘဲ လိုက်သွားမိတော့သည်။

ဘားရဲ့ အပြင်ဘက်ရောက်တော့မှ အသိဝင်လာကာ -

" လွှတ်ပါ.. ကိုယ့်ဘာသာလည်း အဆင်ပြေပါတယ် "

ဆောနူကို တွဲခေါ်လာသူက.. ခုံတန်းတစ်ခုမှာ သူ့ကို ထိုင်ခိုင်းလိုက်ရင်း.. " သေချာရဲ့လား? လွှတ်လိုက်ရင် လဲကျတော့မဲ့ပုံနဲ့ "

" မင်း ငါ့ကို သိလို့လား? " ဆောနူ လုံးဝကို အတည်တံ့ဆုံး မျက်နှာထားနဲ့ ပြောလိုက်သည်။

" မမှတ်မိဘူးလား? ဟိုနေ့က ငါ.. မင်းဆီ ပြေးလာပြီး တိုက်မိလို့ ဖုန်းပြုတ်ကျသွားတာလေ "

(၃) စက္ကန့်စာလောက် အကြည့်ဆုံမှုအတွက် ဆောနူ သူ့ကို မမှတ်မိတာက ပုံမှန်ပါပဲ။

_အဲ့တစ်ယောက်ပဲ..

" ဒီမှာရှိတာ ဘယ်လိုသိတာလဲ? " ဆောနူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" မစိုးရိမ်ပါနဲ့ !!! ကျွန်တော်က stalker မဟုတ်ပါဘူး။
ဒီဘားက သူငယ်ချင်းရဲ့ ဘား..။
တိုက်ဆိုင်တာပါ .. ဒီတစ်ခါလည်း "

လည်သာဂျာကင် အနက်ရောက်ကို ဝတ်ထားတဲ့ အရပ်ခပ်ရှည်ရှည် ကောင်လေးက စိတ်သက်သာစွာ ပြန်ဖြေခဲ့တယ်။

ပြီးမှ သူက ထပ်မေးလာတယ်။

" ဒါနဲ့ မင်းနာမည်က ဘာလဲ? "

𝑺𝒆𝒂𝒍𝒆𝒅 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 ♡⃤ (𝑺𝒖𝒏𝑲𝒊)  Where stories live. Discover now