ᴇᴘ-𝟷 🍂

221 22 2
                                    


🍂

မနက်အစောပိုင်း...
ကျောင်းဝင်းအတွင်းမှာ​တော့ တိတ်ဆိတ်ငြိမ်သက်နေသည်။
ပျင်းရိငြီးငွေ့ဖွယ်အတိ။

ဆောနူမှာ အနုပညာမေဂျာက ခုံတန်းလေး တစ်ခုတွင် ထိုင်နေသည်။
အကြောင်းရင်းမှာ သူ့ကောင်လေး ဆောင်းဟွန်းကို လာစောင့်နေတာ ဖြစ်သည်။
နောက်ပြီး ငယ်သူငယ်ချင်းဖြစ်သူကို တွေ့ဖို့လည်း ပါတာပေါ့။

" ဆောနူ " ဂျောင်ဝန်း၏ အသံမှာ သိပ်ကို စူးနေပြီး ဆောနူနားထဲ ရှင်းရှင်းလင်းလင်း ဝင်လာသည်။

ဆောနူ ပြုံးလိုက်ကာ " ဂျောင်ဝန်းနား .. ဒီနေ့ပြီးတာက နောက်ကျတာလား၊ စောင့်နေတာ နည်းနည်းကြာပြီ "

" ငါ့ကို ပွား မနေပါနဲ့တော့ "
" ငါနဲ့ ဆောင်းဟွန်းဟျောင်း မီနီစီးရီးတစ်ခု အတူ ရိုက်နေရလို့လေ.. အဲ့ဒါကြောင့် "

ဆောနူက ဂျောင်ဝန်းပြောတာကို ခေါင်းငြိမ့်ပြလိုက်သည်။

ဆောနူနဲ့ ဂျောင်ဝန်းသည် ငယ်သူငယ်ချင်းဆိုပေမဲ့..
ဆောင်းဟွန်းကတော့ အထက်တန်းရောက်မှ တွဲသည့် ဆောနူရဲ့ရည်းစား ဖြစ်သည်။

တက္ကသိုလ် တက်ကြတော့.. ဆောနူတို့ မေဂျာ မတူတော့ပေ။
ဆောင်းဟွန်းနှင့် ဂျောင်ဝန်းက အနုပညာမေဂျာ ဖြစ်ကြသည်။
ဆောနူကတော့ ဗိသုကာ မေဂျာပဲ တက်ဖြစ်ခဲ့သည်။

" ဒါနဲ့ ဟျောင်း ကရော.. အလုပ် မပြီးသေးတာလားဟင် " ဆောနူ မေးလိုက်သည်။

ဂျောင်ဝန်း ပြန်ပြောလာသည်က " အယ်!! သူက ငါ့ထက် အရင်ပြီးသွားတာလေ.. မင်းနဲ့ မတွေ့ရသေးတာလား? "

ခဏရပ်လိုက်ပြီး ဂျောင်ဝန်းက ဆက်ပြောလာသည်။

" ပြီးရင်.. သူ ထုတ်ကုန်အသစ်တစ်ခုအတွက် ဓာတ်ပုံရိုက်ဖို့ ရှိတယ် "
" မင်းကို .. သူ ပြောပြီးပြီမလား "

ဆောနူ ခေါင်းခါလိုက်ကာ - " အာ.. ဟင်အင်း မပြောရသေးဘူး "

" ထူးဆန်းလိုက်တာ ငါ့ကိုတောင် ပြောသွားတာကို.. " ဆိုတဲ့ စိတ်စနိုးစနောင့် ဖြစ်ဖွယ်.. ဂျောင်းဝန်းရဲ့ စကားကြောင့် ဆောနူရင်ထဲ လေးဖင့်မှုတစ်ခုဟာ လှိုက်တက်လာသည်။

𝑺𝒆𝒂𝒍𝒆𝒅 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 ♡⃤ (𝑺𝒖𝒏𝑲𝒊)  Where stories live. Discover now