ᴇᴘ-𝟻 🍂

138 26 2
                                    

🍂


ဆိုးလ်မြို့ရှိ ဆေးရုံကြီး၌ ပြီးပြည့်စုံသော မိသားစုမှ မွေးဖွားလာကြသည့်လူများသာ တတ်နိုင်သည့် VVIP အခန်းရှေ့မှာ တာဝန်ကျ သူနာပြုနှစ်ဦး ရပ်စောင့်နေရင်း ရှိနေကြသည်။
သူတို့နည်းတူ ဒေါက်တာတစ်ယောက်လည်း မှန်တံခါးပေါက်မှတဆင့် အတွင်းကို ကြည့်ကာ စကားပြောနေကြသည်။

ဒေါက်တာ : ဂျောင်ဝန်းရဲ့ အခြေအနေ ဘယ်လိုလဲ?

သူနာပြု : ဆေးသောက်ပြီးတော့ အိပ်သွားပြီ ဆရာ။

ဒေါက်တာ : သူ့ကို ဆေးရုံက ဆင်းခိုင်းလိုက်ရင်.. သူ့အခြေအနေက ပိုဆိုးသွားလိမ့်မယ်လို့ ထင်တယ်။ ကြားထားတာတော့ သူ့ Brand ဘက်ကနေ စာချုပ်ရပ်စဲတာလည်း ခံထားရတာတဲ့။

သူနာပြု : မနေ့ညက သူက ဆောနူရဲ့ နာမည်ကို အိပ်မက်ထဲမှာ ယောင်နေခဲ့သေးတယ် ဒေါက်တာ။

ဒေါက်တာ : အင်း... အကိုလည်း သူ့ကို စိတ်ပူတယ်။

ထိုစဉ် သူတို့အနားကို ရောက်လာသော လူငယ်လေးနှစ်ဦး။
ဖြူဥနေသည့်အသားအရေနှင့် ကလေးဆန်ဆန်မျက်နှာပေါက်လေးနဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲ၌လည်း ပန်းခြင်းလေးကို ကိုင်ထားသည်။
သူ့မျက်နှာလေးက ဒီအတိုင်းနေနေတာကိုတောင် နွေးထွေးသော နေမင်းကို မော့၍ ပြုံးပြနေသယောင် ထင်ရသည်။

" မင်္ဂလာပါ.. ကျွန်တော်က ယန်းဂျောင်ဝန်းကို လာတွေ့တာပါ "

" မောင်လေးက ဆောနူ လား?  " သူနာပြုလေးက ဆောနူကို အကဲခတ်ရင်း ယဉ်ယဉ်ကျေးကျေး မေးလာတယ်။

ထိုအခါ ဆောနူက ခေါင်းတဆက် ငြိမ့်ကာ -

" ဟုတ် "

" မောင်လေးနဲ့ တွေ့ရလို့ ဂျောင်ဝန်းတော့ ပျော်နေမှာပဲ.. "
" ဒါပေမဲ့ အခုသူက ဆေးသောက်ပြီး နားနေတာ၊ သူ့ကို စောင့်သွားမလားဟင် "

" ထားလိုက်ပါတော့ ! ကျွန်တော့် သူငယ်ချင်းနဲ့ အတူလာတာမလို့ .. " သူနာပြုလေး မေးတော့ ဆောနူက မျက်လုံးလေးဝိုင်းကာ ခေါင်းခါလိုက်တယ်။

သူ့ကို လိုက်ပို့ပေးတဲ့ နီခီပါ အတူစောင့်နေရမှာစိုးတာကြောင့် ဂျောင်ဝန်းနိုးတဲ့အထိ မနေဖို့ပဲ  ဆောနူ ဆုံးဖြတ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 20 ⏰

Add this story to your Library to get notified about new parts!

𝑺𝒆𝒂𝒍𝒆𝒅 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 ♡⃤ (𝑺𝒖𝒏𝑲𝒊)  Where stories live. Discover now