ᴇᴘ-𝟺 🍂

158 20 6
                                    

🍂

" ဆောနူ.. ငါ့ကို စိတ်ဆိုးနေတုန်းလား? "

" တံခါးဖွင့်ပေးပါဦးလား ~~ "

" ဘယ်လောက် ခေါက်.. ခေါက် အသုံးမဝင်ဘူး "

" မင်း သူငယ်ချင်း မရှိဘူး၊ သူ ပြန်မလာတာ ကြာပြီ "

ကွန်ဒိုပိုင်ရှင် အစ်မရဲ့အသံကြောင့် ဆောနူ၏ တိုက်ခန်းတံခါးကို ခေါက်နေတဲ့ ဂျောင်ဝန်းရဲ့ လက်တွေက ရပ်တန့်သွားသည်။

" မင်းကို တစ်ခုမေးဦးမယ်။ အမှန်အတိုင်း ပြောရရင်.. မင်းသူငယ်ချင်းအကြောင်း အကြိမ်ကြိမ် မေးချင်နေတာ "

" သူ့ရည်းစားက တခြားတစ်ယောက်နဲ့ ပတ်သတ်ခဲ့သေးလား? "

ကွန်ဒိုပိုင်ရှင် အစ်မရဲ့ အမေးအောက်မှာ ဂျောင်ဝန်း မထိန်းချုပ်နိုင်စွာ မျက်နှာပျက်သွားရပြီး.. နှုတ်ဆိတ်နေလျက်။

" ငါထင်သားပဲ အဲ့ကောင်လေးက မကောင်းတဲ့သူ ဆိုတာ "

ဂျောင်ဝန်း ပြန်မဖြေဘဲ ရိုသေစွာနဲ့ နှုတ်ဆက်လိုက်ပြီး ပြန်ထွက်သွားတော့သည်။

အမှန်က ဆောနူ သူ့တိုက်ခန်းတွင် ရှိနေခဲ့ပါသည်။
ထုံးစံအတိုင်း တံခါးကို မှီပြီး ငိုနေခဲ့တာပေါ့..

​ဆောနူက စဥ်းစားလိုက်ပြီး ဖုန်းကို ဆွဲထုတ်လိုက်ကာ -

[ ဆောနူ: နီခီ အားလား? ]

[ Ni-Ki : မအားဘူး.. ဘာကိစ္စလဲ? ]

[ ဆောနူ: မေးကြည့်ရုံပါ.. မအားရင်လည်း ထားလိုက်ပါတော့ ..]

သိပ်မကြာခင်မှာပဲ တစ်ဖက်က စာပြန်လာသည်။

[ Ni-Ki : ရတယ်.. ဆောနူအတွက် ဘယ်အချိန်ဆို အားတယ် ]

တစ်ဖက်တွင် -

ကျောင်းအနောက်ဘက်မှ Blues ကော်ဖီဆိုင်သည် နီခီတို့ အုပ်စုရဲ့ စုဝေးရာ ဖြစ်သည်။
နီခီက ညင်သာစွာ လောင်ကျွမ်းနေတဲ့ စီးကရက်ကို လက်မှာ ကိုင်ထားပြီး ညင်သာစွာဖြင့် မီးခိုးများကို မှုတ်ထုတ်နေသည်။
ထို့အတူပဲ သူ့ဖုန်းကို တတောက်တောက်နဲ့ စာရိုက်ခြင်းလည်း မပြတ်စေရ။

𝑺𝒆𝒂𝒍𝒆𝒅 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 ♡⃤ (𝑺𝒖𝒏𝑲𝒊)  Where stories live. Discover now