🍂
မနက်တစ်ပိုင်း စာသင်ပြီးချိန်မှာတော့ ဆောနူ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။
ရှေ့ရက်တွေတည်းက အိပ်ချိန်နည်းနည်းပဲရခဲ့တာရော.. မနေ့က တစ်နေ့လုံးလည်း ငိုထားပြီး.. အကျိုးဆက်အနေနဲ့ အခု စာသင်ပြီးတဲ့အခါ လူက ပြိုင်းနေပြီ။ဆောနူ ကန်တင်းမှာ ခဏမှောက်အိပ်နေလိုက်ရသည်။
သိပ်မကြာလိုက်..
ကန်တင်းက ကောင်မလေးတစ်သိုက်ရဲ့ အူး အား အော်နေတဲ့ အသံတွေ ထွက်လာသည်။" အိုး မိုင် ဂေါ့ "
" ဟက်! ယန်းဂျောင်ဝန်း ပဲ "
" ဆောင်းဟွန်းအိုပါးနဲ့ တွဲရိုက်တဲ့တစ်ယောက်လေ "
" ငါ ပေးစားနေတဲ့ အတွဲလေးပေါ့.. ဂျောင်ဝန်းက အပြင်မှာ ပိုချစ်ဖို့ကောင်းတာ ဟယ် "သူငယ်ချင်းတွေ အော်နေလို့ ဆောနူ ခေါင်းပြူ ကြည့်လိုက်သည်။ ကန်တင်းအဝင်နားလောက်ကနေ ဂျောင်ဝန်းက သူရှိတဲ့ ဝိုင်းဘက် လှမ်းကြည့်နေသည်။
ဆောနူ ဖုန်းမြည်လာတော့.. contact name က ဂျောင်ဝန်း ဖြစ်နေသည်။
ကျစ်! ဘာလဲ? မြင်နေရတာကို ကန်တင်းထဲ ဝင်မလာဘဲ ဘာကိစ္စ ဖုန်းခေါ်နေတာလဲ။
" ဟလို ဘာဖြစ်လို့လဲ? " ဆောနူ ဖုန်းကိုင်ပြီး မေးလိုက်သည်။
" ဆောင်းဟွန်း ဟျောင်းက မင်းနဲ့ စကားပြောချင်နေတယ် .. သူ မင်းကို ပြန်ချော့ချင်တဲ့ ပုံပဲ ! "
" ငါက ပြောပေးရုံပါပဲ.. ။ တကယ်လို့ မင်း သူနဲ့ စကားမပြောချင်ရင်.. ငါနဲ့ တစ်ခုခု သွားစားရအောင်လေ။ အဲ့ဒါ လာခေါ်တာ "
" ဟင်အင်း ! ငါ ဟျောင်းနဲ့ စကားပြောရမယ်။
သူ ဘယ်မှာလဲ? " ဆောနူ စေ့ထားသည့် နှုတ်ခမ်းတို့ကို ဖိကိုက်ရင်း မေးလိုက်သည်။ဆောနူ မေးပြီးလျှင် ထွက်လာသည့် ဂျောင်ဝန်း၏ အဖြေက - " အနုပညာဆောင် တတိယထပ်က နားနေခန်းထဲမှာ "
" မင်းလည်း လိုက်ခဲ့လေ "
" မင်းအတွက် သတင်းကောင်း ဖြစ်နိုင်တယ် "ဂျောင်ဝန်းကတော့ ဘာမှ ပြန်မပြောပေ။
ဘာပြန်ပြောရမလဲ မသိတော့၍လည်း ဖြစ်နိုင်သည်။
ဆောနူ စိတ်ရှုပ်ထွေးစွာနဲ့ ဖုန်းချပစ်လိုက်သည်။
YOU ARE READING
𝑺𝒆𝒂𝒍𝒆𝒅 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 ♡⃤ (𝑺𝒖𝒏𝑲𝒊)
FanfictionNi-Ki (니키) x Sunoo (선우) ゚ ⋆ ☂︎ ⋆ ゚゚゚ ⋆ ☂︎ ⋆ ゚゚ 🍰♡🎀🍭🍓 ဆောနူ ပျော်ဖို့အတွက်ဆိုရင် ငါဘာကိုပဲ လုပ်ပေးရပါစေ ငါလုပ်မှာပဲ 🍣🥢 အကယ်၍ အလျှော့ပေးရမယ်ဆိုလည်း ငါအလျှော့ပေးမှာပဲ 💮♡🍥 ရှေးလူတွေ ပြောသလိုပဲပေါ့ .. ကမ္ဘာကြီးထဲမှာ အရေးပါတဲ့သူတစ်ယောက် လိုအပ်တာ...