Yaowenလဲအစည်းအဝေးပြီးလို့ရုံးခန်းထဲပြန်ရောက်တော့
"Zhang jiဘယ်ရောက်သွားတာပါလိမ့်"
ထို့နောက်Zhang Jiကိုဖုန်းခေါ်မယ်ဆိုပြီးဖုန်းဖွင့်လိုက်တော့
"Ge ကျွန်တော် Zeyuနဲ့ပြောစရာရှိလို့အရင်သွားနှင့်ပြီနော်"
"ရည်းစားရှိတဲ့ကောင်တွေအလုပ်ကိုရှုပ်တယ်"ပါးစပ်ကရေရွတ်လိုက်တယ်
---------------------------------------------------
Zuo Hang နဲ့ Jiaxinကျောင်းcanteenမှာထိုင်ရင်း"Zuo Hang မင်းစိတ်မဆိုးဘူးဆိုတစ်ခုလောက်မေးလို့ရမလား"
"မေးလေ ဘာမေးမို့လဲ"
"မင်း......Zeyuကိုကြိုက်နေတာလား"
ခုနကပြုံးရွှင်နေတဲ့မျက်နှာလေးကချက်ချင်းဆိုသလိုမဲ့သွားခဲ့တယ်။
"ဘာလို့လဲ"
"မင်းZeyuကိုဖုန်းမှာXiao Baoလို့မှတ်ထားတာ"
"အဲ့တာငါတို့ငယ်ငယ်ထဲကခေါ်တာအခုမှမဟုတ်ဘူး Zeyuကလဲငါ့ကိုအရင်ကတည်းကHangလေးလို့ဘဲခေါ်တာ အခုZhang jiနဲ့တွဲပြီးနောက်ပိုင်းမှZhang jiရှေ့ဆိုZuo Hangလို့ခေါ်တာ"
Deng Jiaxinစကားမဆုံးခင်ဘဲZuo Hangဖြတ်ပြောလိုက်တယ်
"ဘာလို့Zhang Jiရှေ့ကြခေါ်နေကြအတိုင်းမခေါ်တာလဲ"
"မင်းရှေ့မှာရောအဲ့လိုခေါ်လို့လား"
"အေးလေ အဲ့တာကြောင့်ဘာလို့လဲလို့ မင်းတို့ငယ်ငယ်ကတည်းကအဲ့လိုခေါ်တာဆို ဘာလို့အခုမှပြောင်းသွားကြတာလဲ"
"ငါပထမဆုံးကျောင်းရောက်တဲ့နေ့ကZeyuငါ့ကိုလာရှာတယ်လေ အဲ့တုန်းကသူငါ့ကိုZuo Hangလို့လှမ်းခေါ်လိုက်တာ အဲ့တာကြောင့်သူ့ဘက်ကစခေါ်တာဆိုတော့အကြောင်းအရင်းတစ်ခုခုရှိနေမှာစိုးလို့ နောက်ပြီးသူ့မှာရည်းစားလဲရှိနေပြီလေ ငါကဘယ်လိုသူ့ဘဲရှေ့ကြီးမှာ Xiao Baoလို့ခေါ်ရမှာလဲ"
"အဲ့တော့မင်းZeyuကိုမကြိုက်ဘူးပေါ့"
သက်ပြင်းတချက်ချလိုက်ရင်း
"ကြိုက်တော့ရောဘာလုပ်လို့ရမှာလဲ ZeyuကZhang Jiကိုရွေးထားပြီးပြီလေ ကဲကဲတော်ပြီ ငါအခန်းပြန်တော့မယ်"" မုန့်ကုန်အောင်စားလေ"
"တော်ပြီ Bye Bye"
"Inn Bye Bye"
