"ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက်ရောင်ခြည်လေး"
"အမေဒီနေ့ဘယ်လိုနေသေးလဲ သက်သာရဲ့လား"
"သက်သာပါတယ်သားရဲ့။ သားကျောင်းမသွားသေးဘူးလား"
"သွားမာပါ အမေ သားကျောင်းမသွားခင် အမေ့ကို ၀င်ကြည့်တာပါဗျ"
"လိမ္မာလိုက်တဲ့ မေ့သားလေး အမေက သက်သာနေပါပြီ သားသာ ကျောင်းသေချာတက် စာကြိုးစားနော် အမေ့မာ ဒီကသားလေးတစ်ယောက်ပဲ အားကိုးစရာရှိတာ"
"ဟုတ်ကဲ့ပါ အမေ ဒါဆို ကျွန်တော်သွားတော့မယ်နော် အန်တီ mee ကခနနေရင် လာစောင့်ပေးမယ်လို့တော့ပြောတယ်"
"အေးအေးသားလေး ဂရုစိုက်သွားအုန်းနော်"
ကျွန်တော့်နာမည်က Gemini norawit ပါ။ အဖေက ကျွန်တော့်အသက်4နှစ်မာပဲ ဆုံးသွားခဲ့တယ်။ အဲ့အချိန်တည်းက ကျွန်တော် အမေနဲ့နှစ်ယောက်တည်းနေလာခဲ့တာ။ ကျွန်တော် အထက်တန်းရောက်တော့ အမေဟာ နှလုံးရောဂါ ထဖောက်တော့ ဆေးရုံတင်လိုက်ရတယ်။ ပုံမှန်ဆို အမေဟာ ကိတ်မုန့်ဆိုင်လေးဖွင့်ပြီး ကိုယ်တိုင်လုပ် မုန့်လေးတွေရောင်းတော့ ကျွန်တော်တို့အတွက် နေစရိတ်၊စားစရိတ်တော့ ကာမိပါတယ်။ ခု အမေဆေးရုံတက်ရတာ တစ်လပြည့်တော့မယ်။ ကျွန်တော်တို့ဘ၀ဟာ စပြီးကျပ်တည်းလာခဲ့တယ်။ ကျွန်တော်ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ပြီး အမေ့ဆေးဖိုးရှာခဲ့တယ်။ အမေမေးရင်တော့ စုထားတဲ့ပိုက်ဆံတွေလို့ပြောရတာပေါ့။ ကျွန်တော်လေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံအတွက်စိတ်မပူရဘဲ လူငယ်ဘ၀ကို အပြည့်အ၀ဖြတ်သန်းချင်မိတယ်။ ညတိုင်းလဲ အရသာရှိတာလေးစားပြီး အိပ်ယာ၀င်ချင်တယ်။ ဒါဟာ ကျွန်တော့ရဲ့ ဈေးကြီးလှတဲ့ အိပ်မက်တစ်ခုပေါ့။
__________________
"တင်ပြစရာမရှိတော့ရင် မင်းသွားလို့ရပြီ John"
"ဟုတ်ကဲ့ပါ boss ။ boss မနက်ဖြန် နေ့လည်2နာရီကျ Mr.Jay တို့နဲ့ အစည်းအဝေးလုပ်ဖို့ ချိန်ထားတာ ရှိပါသေးတယ် ခဗျ"
"ဟုတ်ပြီ ငါသိပြီ။ ခုသွားလို့ပြီ။"
"အော်နေအုန်း။ မင်းကိုအလုပ်တစ်ခုခိုင်းစရာရှိတယ်။ ငါကုမ္ပဏီခွဲ အသစ်တွေ နယ်ဘက်တွေမာ ထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။ အဲ့ဒါ အလုပ်အရမ်းရှုပ်မာမလို့ ငါအတွင်းရေးမှူး တစ်ယောက်လောက် လိုချင်တယ်။ အဲ့ဒါ မင်း ကုမ္ပဏီရဲ့ ဆိုရှယ်အကောင့်တွေ အကုန်လုံးမာ အတွင်းရေးမှူး တစ်ယောက်အသစ်လိုတယ်လို့ တင်လိုက် နောက်အပတ်ကျ ငါလူတွေ့စစ်ဆေးမယ်"
YOU ARE READING
The last hope
Fanfiction"အချစ်ကြီးသူက ရှုံးတယ်တဲ့။" ဟုတ်ပါတယ်။ ကျွန်တော်ရှုံးခဲ့တယ်။ ကျွန်တော်တို့ဘ၀တွေက မိုးနဲ့မြေလို ခြားနားလွန်းတယ်။ မင်းကိုမချစ်ခဲ့သင့်မှန်းလဲသိပါတယ်။ ငါ့ဘက်က ဒီတိုင်းလေးပဲ ငါ့အချစ်တွေကို မြိုသိပ်ထားမာမို့ မင်းအဆင်မပြေတော့တဲ့တစ်နေ့ကျရင် ငါ့ကိုပြောပါ။...