Mine

61 10 9
                                    

ခုနအမ ပြောတဲ့သူက Gem များဖြစ်မလားဆိုပြီး ငါအပြင်ကို အလျင်အမြန်ဘဲ ထွက်လာခဲ့တယ်......။ အပြင်မာ လူတွေက များလွန်းတယ်.....။ ငါ လိုက်ရှာပေမယ့် Gem ရဲ့အရိပ်အယောင်တောင် မတွေ့ရ.....။ များပြားလှတဲ့ လူအုပ်ကြီးထဲ တိုးဝှေ့ရှာနေတုန်း လူတစ်ယောက်နဲ့ ၀င်တိုက်မိသွားတယ်.....။

*အာ့*

သို့သော် ငါလဲကျမသွားခဲ့။ လူတစ်ယောက်က သူ့လက်တွေနဲ့ ငါ့ကို ထိန်းထားပေးခဲ့တယ်.....။

" ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့... fourth ရဲ့...."

"Ge..Gem...."

ငါပျော်လွန်းလို့ သူ့ကိုပြေးဖက်လိုက်တယ်....။  ဒီကောင်လေး မတွေ့ရတဲ့အတောအတွင်း အတော်ထွားလာတာပဲ....ငါ့အရပ်ထပ် ပိုမြင့်တဲ့သူ့ကို ငါခြေဖျားလေးထောက်ပြီး....သူ့ပခုံးကို သိုင်းဖက်လိုက်တော့ ငါ့ခါးတွေကို ထိန်းထားပေးတယ်.... ။ သူ့အသက်ရှူသံနွေးနွေးလေးနဲ့ ကိုယ်သင်းရနံ့လေးက ဘယ်ရယ်ကြောင့်မှန်းမသိ ငါ့ကို နွေးထွေးစေတယ်.....။

____________________________________________

ငါကျောင်းက ပြန်လာပြီး.... အမေ့ကိုကူလုပ်ပေးဖို့ ဆိုင်ကိုလာခဲ့တယ်...။ ရုတ်တရက် ဆိုင်ထဲကို ၀င်လာတဲ့ အရိပ်သေးသေးလေးကို ရင်းနှီးနေပါတယ်ဆိုပြီး လိုက်ကြည့်လိုက်တော့....သေချာတာပေါ့ ....တစ်မိုးအောက်မာ နှ‌စ်ယောက်မရှိတဲ့ ငါ့ရဲ့ ချစ်ရသူလေး.....။ မတွေ့ရတာ ဆယ်လကျော်သွားပြီနော် အချစ်...။ အချစ်က ဘာမှမပြောင်းလဲသွားဘူး....အရင်လို ချစ်စရာကောင်းတုန်းပဲ....။ အရပ်လေးက တစ်စင်တီမီတာလောက် ပိုရှည်လာတယ်......။ ခန္ဓာကိုယ်လေးကတော့ အနည်းငယ်ပိန်သွားတယ်....။ နဂိုကမှ သေးသေးလေးပါဆိုကွာ... အစားရောပုံမှန်စားရဲ့လားမသိဘူး.....။ ခုလဲ ငါ့ဆိုင်တစ်ဆိုင်လုံးကို မျက်လုံးလေး ဝှေ့ပြီးလိုက်စပ်စုနေလိုက်တာများ.....မုန့်မှာဖို့တောင်မေ့နေတယ်ထင်တယ်....။ အဲ့ဒါကြောင့် ဆိုင်မာကူဖို့ခေါ်ထားတဲ့ အမတစ်ယောကို အကူအညီတောင်းပြီး...အချစ်လေးအတွက် အချစ်ကြိုက်တဲ့ စတော်ဘယ်ရီကိတ်လေး သွားပို့ပေးဖို့ အကူအညီတောင်းလိုက်တယ်....။ အသည်းအသက်လေးဟာ သူ မမှာဘူးဆိုပြီး အသေငြင်းနေလေရဲ့....အဲ့လိုချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ကျွန်တော့်မာ ရုန်းလေနစ်လေဖြစ်ခဲ့ရတာ စတွေ့ကတည်းကပဲဆိုပါတော့...။ ငါပြုံးကာ ထိုမြင်ကွင်းလေးကို ခနလောက်ငေးကြည့်ပြီး...ဆိုင်အပြင်ကို ထွက်လာခဲ့တယ်။... သေချာတာပေါ့ ငါအချစ်ကို မတွေ့ရဲသေးဘူး....။ ဘယ်အချိန်ထိ ထွက်ပြေးနေအုန်းမာလဲ.... Gemini Norawit ရာ.......

The last hope Where stories live. Discover now