Boyfriend Material

20 7 4
                                    

May လရဲ့ လအလယ်ကိုရောက်တာကြောင့် ရာသီဥတုဟာ အလွန်ပူနေသည်။ သိုပေမယ့် နွေရာသီရဲ့ နောက်ဆုံးလ ဖြစ်တာကြောင့် လေပြေအေးအေးလေးတွေတိုက်ကာ နှုတ်ဆက်စကားဆိုနေပြန်သည်။ ဒီနွေဟာ အလွမ်းတွေနဲ့အတူ အကြာကြီးဆုပ်ကိုင်ထားတဲ့ အိပ်မက်တွေကိုပါ အကောင်အထည်ဖော်ပေးခဲ့တယ်...။ တစ်ဖက်သတ် မျှော်လင့်ခြင်းတွေဟာ အဆုံးသတ်ပြီ ထင်ပါရဲ့...။

ကျွီ...*

"GEM ရေ..."

" အော် fourth လာပြီလား..."

"အင်း...gem ပဲ စောစောလာဆို..."

ငါ ချင်းမိုင်မာနေတာ ဆယ်ရက်ရှိပြီ..။အလုပ်ကိစ္စတွေကပြီးပေမယ့်လို့ ဘာကြောင့်မှန်းမသိ ငါဆက်နေချင်သေးတာကြောင့် ကုမ္ပဏီကို John နဲ့သာ ခနလွှဲထားလိုက်သည်။ ဒီအတောအတွင်း Gem အကြောင်းတွေ အများကြီး ငါသိလိုက်ရတယ်..။ ငါအဲ့ကောင်လေးကို သဘောကျပါတယ်...။ Gem အမေနဲ့လဲ ငါအတော်လေးရင်းနှီးနေပြီ...mae က ငါ့ကိုအတော်ချစ်ရှာတယ်.. သားအရင်း‌ေလးတစ်ယောက်လိုကိုဆက်ဆံတော့.. ဒီဆယ်ရက် အတွင်း Gem ရဲ့ ဂရုစိုက်မှုတွေနဲ့ mae ရဲ့အချစ်တွေကြောင့် ငါဒီမာနေရတာပိုပျော်ရတယ်..။ ချင်းမိုင်မြို့ကြီးရေ...ငါတော့ သံယောဇဉ်ကြိုးတွေ ရစ်နှောင်မိပြီထင်တယ်...။ ငါ ချင်းမိုင်မြို့ကို သဘောကျပါတယ်...။ နောက်ဆို အတည်တကျနေဖို့ တိုက်ခန်းလေးတစ်ခုတောင်၀ယ်ဖို့ စိတ်ကူးထားတယ်...။ ဒါပေမယ့် ဒီမာနေဖို့ ပါးတို့၊ မားတို့ကိုပြောဖို့ အကြောင်းပြချက် လုံလုံလောက်လောက် ငါ့မာ မရှိသေးဘူး...။

" Fourth ဒီနားလေးမာ ခန‌ထိုင်နော်...ကျွန်တော်ပြန်လာခဲ့မယ်..."

" အော်ဝ်းး မင်းက ငါ့ကို ခေါ်တုန်းက ခေါ်ထားပြီး ခုလို ထားခဲ့တော့မာလား..."

" ခနလေးပါ fourth ရဲ့..ဒီမာ မုန့်လေးစားထားအုန်းနော် အမေက fourthအတွက်ဆိုပြီး လုပ်ပေးထားတာ"

*ထူးဆန်းတဲ့ခံစားချက်ကြီး...ဘာလို့ ဒီနေ့ကျမှ Gemini ကကြည့်ကောင်းနေရတာလဲ...။ ဒီလောက်တောင်ချောဖို့လိုလို့လား။ သူများတွေကြည့်ကုန်မှဖြင့်....နေပါအုန်း သူများဆိုမှဘဲ...ဒီနေ့ဆိုင်မာ လူတစ်ယောက်မှမရှိတာလား။ ဆိုင်ပိတ်ရက်မလို့လား..။ကြက်သီးထလိုက်တာ...*

The last hope Where stories live. Discover now