" Morning boss"
" Morning Gem ဒီမာ မင်းရဲ့ထီး...ဟိုနေ့ကအတွက် ထပ်ပြီး ကျေးဇူးတင်တယ်နော်"
" ရပါတယ်ဗျ ဒီမာ boss အတွက် ကော်ဖီပူပူလေး"
" THANK YOU GEM"
__________________ဒီနေ့ လစာထုပ်တဲ့ရက်ပါ။ ငါကုမ္ပဏီမာ လုပ်တာ တစ်လကျော်နေပြီ။ ဒါမယ့် boss က ငါ့ကို နှစ်လစာကြိုထုပ်ပေးခဲ့တယ်။ 3လ ပြည့်သွားရင်လဲ boss ငါ့ကို အလုပ်မထုပ်ရင်ကောင်းမယ်။ ငါ boss နဲ့အတူ အလုပ်လုပ်ချင်သေးတယ်။ ခုဆို မျက်နှာလေးမမြင်ရရင် ငါ့မာမနေနိုင်တော့။ ပိတ်ရက်ဆို ထရမလို ထိုင်ရမလိုနဲ့....အော် ငါ့ဘ၀ ငါ့ဘ၀ ပင်မြင့်ထက်က ပန်းလေးကိုမှ လိုချင်နေမိလေရဲ့။ တုတ်နဲ့မမှီတော့ လှေကားနဲ့တက်ချူရင်လဲ မြင့်လွန်းတော့ ပြုတ်ကျရင်လဲ အကျနာအုန်းမယ်။
ဒီလိုနဲ့ လစာလေးထုပ်ပြီးတော့ အမေဆီလာခဲ့တယ်။ အမေ့အတွက်လဲ အသီးတွေ၊ စားစရာတွေ၀ယ်သွားခဲ့တယ်။ အမေလဲ တော်တော်နေပြန်ကောင်းနေပြီ။ နောက်လဆိုရင်တောင် ဆေးရုံက ဆင်းလို့ရပြီ။
" အမေရေ နေကောင်းရဲ့လားဗျ။ ဒီနေ့သားလစာထုပ်တဲ့ရက်မလို့ ဒီမာ အမေ့အတွက် စားစရာတွေအများကြီး ၀ယ်လာတယ်။"
"သားရယ် သားကြိုးကြိုးစားစားရှာထားရတဲ့ပိုက်ဆံတွေကို လွယ်လွယ်မဖြုန်းပါနဲ့"
"သားမဖြုန်ပါဘူးအမေရဲ့ သားရဲ့ပထမဆုံးလစာနဲ့ အမေ့ကိုစားစေချင်လို့ပါ။"
"အေးပါ သားရယ် ဒါနဲ့အလုပ်မာ အဆင်ပြေရဲ့လား"
"ပြေလိုက်တာမှ လွန်ရော အမေရာ"
"အမယ် အမေ့သားက ဒါနဲ့နေပါအုန်း သားရဲ့ boss လေးအကြောင်းဒီနေ့ပြောမပြတော့ဘူးလား"
"ဟားးး....ဟားးး"
ငါအမေ့စကားကို သဘောတကျရီလိုက်တယ်။ ဒါကဒီလိုပါ။ ငါအမေ့ဆီသွားတိုင်း ငါရဲ့ fourth လေးအကြောင်းအမြဲပြောပြဖြစ်တယ်။ ဘယ်လောက်လှကြောင်း ဘယ်လောက် စိတ်သဘောထားနူးညံ့ကြောင်းတွေပေါ့။ အမေကတော့ သဘောတကျနားထောင်ပေးတယ်။ တစ်ခါလောက်တွေ့ချင်တယ်တဲ့။ နောက်ကျ အိမ်ကို ဖိတ်လိုက်ပါ့လားတဲ့။ အဲ့ဒါက ငါ့အတွက်စဉ်းစားစရာဖြစ်သွားပြီ။ ငါ့အိမ်နဲ့ boss သေးသေးလေးနဲ့ အဆင်ပြေမယ် မထင်ပါ။
YOU ARE READING
The last hope
Fanfiction"အချစ်ကြီးသူက ရှုံးတယ်တဲ့။" ဟုတ်ပါတယ်။ ကျွန်တော်ရှုံးခဲ့တယ်။ ကျွန်တော်တို့ဘ၀တွေက မိုးနဲ့မြေလို ခြားနားလွန်းတယ်။ မင်းကိုမချစ်ခဲ့သင့်မှန်းလဲသိပါတယ်။ ငါ့ဘက်က ဒီတိုင်းလေးပဲ ငါ့အချစ်တွေကို မြိုသိပ်ထားမာမို့ မင်းအဆင်မပြေတော့တဲ့တစ်နေ့ကျရင် ငါ့ကိုပြောပါ။...