"နတ်သားလေးလို သဘောကောင်းတဲ့ကောင်လေးက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်"
"Gemini norawit ရှိလား"
"ဟုတ်ကဲ့ ရှိပါတယ် ခဗျ"
"မင်းအလှည့်ရောက်ပြီ အထဲ၀င်လို့ရပြီနော်"
ကျွန်တော် အလုပ်လျှောက်လွှာတင်ခဲ့ပြီး ဒီနေ့ အင်တာဗျူးလာဖြေရခြင်းဖြစ်သည်။ ရှိသမျှနတ်တွေအကုန်ဆင်းကယ်ပါ။ ဒီအလုပ်တော့ ရမှဖြစ်မာမလို့ပါ။
"မင်းအတွေအကြုံအရ ငါတို့ကုမ္ပဏီနဲ့ အဆင်ပြေမာမဟုတ်ဘူးကောင်လေး"
အသက်ကြီးကြီး မန်နေဂျာလိုလို ကုမ္ပဏီပိုင်ရှင်လိုလိုထင်ရတဲ့ ဦးလေးကြီးတစ်ယောက်က အဲ့လိုပြောလိုက်တယ်။
"အဲ့လိုမလုပ်ပါနဲ့ ဦးလေးခဗျ ကျွန်တော်က အလုပ်ကြိုးစားပါတယ်။ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော်လဲ ယုံကြည်မှုရှိပါတယ်။ ကျွန်တော် ဘာပဲလုပ်ရလုပ်ရ မညည်းမညူဘဲ လုပ်မာပါ။ လုပ်ပါ ဦးလေးရာ ဒီ အတွင်းရေးမှူးနေရာလေး ကျွန်တော့်ကို ခန့်ပေးပါဗျာ"
" မင်းရဲ့စိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်ကောင်လေး ဒါမယ့် အတွင်းရေးမှူးတစ်ယောက် တာ၀န်က မသေးဘူး။ ပြီးတော့ ငါတို့ boss က ဟာကွက်မရှိအောင် အလုပ်ကို စေ့စေ့စပ်စပ်လုပ်တဲ့သူ မင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီကိုရော boss ကိုရော ကိုင်တွယ်နိုင်မယ် မထင်ဘူး အဲ့တော့ ငါတို့ အချိန်မဖြုန်းကြရအောင် နောက်မာ လူတွေလဲရှိသေးတယ် နောက်ထပ်အလုပ်တစ်ခုရှာလိုက်ပါ။ ကံကောင်းပါစေကောင်လေး မင်းသွားလို့ရပြီ"
*ဟာဗျာ ဒီလူကြီးက ဘာလဲကွာ။ လူက အလုပ်ကြိုးစားပြီး လုပ်ပါ့မယ်ဆိုတာကို လူကြီးတွေများ လူငယ်တွေကို အခွင့်အရေးလေးတောင်မပေးချင်ကြဘူး။*
အမြဲတမ်းလိုချင်တာရအောင်ယူခဲ့တဲ့ Gemini norawit တို့ လိုချင်တာလဲမရရော စိတ်ဆိုးဆိုး မာန်ဆိုးဆိုးနဲ့ ကုမ္ပဏီထဲက ထွက်လာတုန်းးး
ဒုန်းးးးးး*...............
"သတိထားလေဗျာ လမ်းလျှောက်ရင် ပတ်၀န်းကျင်ကိုလဲ သတိထားမှပေါ့။ ခုဘာဖြစ်သွားသေးလဲ"
YOU ARE READING
The last hope
Fanfic"အချစ်ကြီးသူက ရှုံးတယ်တဲ့။" ဟုတ်ပါတယ်။ ကျွန်တော်ရှုံးခဲ့တယ်။ ကျွန်တော်တို့ဘ၀တွေက မိုးနဲ့မြေလို ခြားနားလွန်းတယ်။ မင်းကိုမချစ်ခဲ့သင့်မှန်းလဲသိပါတယ်။ ငါ့ဘက်က ဒီတိုင်းလေးပဲ ငါ့အချစ်တွေကို မြိုသိပ်ထားမာမို့ မင်းအဆင်မပြေတော့တဲ့တစ်နေ့ကျရင် ငါ့ကိုပြောပါ။...