Don't wanna say goodbye

68 9 0
                                    

" fourth သား ဒီကိုလာပါအုန်း"

"ဟုတ် မားး"

" သားဟိုနေ့က မားးတို့စီစဉ်ပေးထားတဲ့ မိန်းကလေးကို ငြင်းလွှတ်လိုက်တယ်ဆို အဲ့ဒါဘာသဘောလဲ.....မားတို့စကားကို ဆန့်ကျင်တာလား.."

"အဲ့လိုမဟုတ်ပါဘူးမားမား...သားအဲ့လိုအရာတွေ စိတ်မ၀င်စားသေးလို့ပါ...တစ်နေ့နေ့ တစ်ချိန်ချိန်ကျ သားသဘောကျတဲ့သူကိုတွေ့ရင် မားတို့ ပါးတို့နဲ့ မိတ်ဆက်ပေးပါ့မယ်...."

" ပါးတို့ကို မျက်နှာပျက်အောင်တော့မလုပ်နဲ့နော် fourth ...သားဘာသာရှာမယ်ဆိုလဲ အရည်အချင်းရှိပြီး..ပါးတို့နဲ့ အဆင့်အတန်းတူတဲ့သူကိုဘဲ ရှာလာခဲ့....တခြား အဆင့်အတန်းနိမ့်တဲ့သူဆို ပါးတို့ လက်ခံမာမဟုတ်ဘူးနော် fourth "

ငါ ခေါင်းပဲ ငြိမ့်ပြပြီးး ရုံးကို ကားမောင်းထွက်ခဲ့တယ်။ ဘာတွေလဲ ဘာလို့ရှေးအယူအဆကြီးလဲ....ကိုယ်သဘောကျတဲ့သူ၊ အိမ်ထောင်ဘက်ဆိုတာ ကြိုမြင်နိုင်တဲ့အရာမှ မဟုတ်တာ။ ခုလို သတ်မှတ်ချက်တွေနဲ့ ပြည့်စုံအောင် ထုဆစ်ထားတဲ့ ရုပ်ထုလဲမဟုတ်....၊ ပါးတို့ မားတို့ကို ပြန်ခံမပြောချင်တာကြောင့်...ဒီတိုင်းထွက်လာခြင်းသာ...၊ ငါသဘောကျတဲ့သူဆို ဘယ်လိုအခြေနေပဲဖြစ်ဖြစ် လက်ခံမည်ဟု ငါဆုံးဖြတ်ထားသည်။ ဘာလဲ.. သူ မပြည့်စုံလဲ ငါရှာကျွေးနိုင်တာပဲ...ငါဒီလောက်ချမ်းသာနေတာ သူချမ်းသာဖို့လိုသေးလို့လား...တစ်ကယ်ပါဘဲ.....။

____________________

မနေ့က အဖြစ်အပျက်လေးတွေပြန်တွေးရင် ဒီနေ့ရုံးသွားရတာ ပံုမှန်နေ့တွေထက် ပျော်စရာကောင်းနေသည်။ အေးချမ်းတဲ့ fourth သေးသေးလေးရဲ့ မျက်နှာကို မြင်ရတော့မည်ဆိုတဲ့ စိတ်နဲ့တင် ငါ့ရဲ့ နေ့တစ်ရက်အစဟာ ပြည့်စုံနေပြီးသားဖြစ်သည်...။

"Gem ဒီနေ့ အချိန်ဇယားလေးကြည့်ပေးပါအုန်း... ဘယ်သူတွေနဲ့ တွေ့ဖို့ကျန်သေးလဲ..."

" Mr. Mark နဲ့ ဒီနေ့ 11နာရီ တွေ့စရာရှိပါတယ် boss ....နောက်ထပ်ဖွင့်မယ့် ရုံးခွဲတွေအတွက် ရှယ်ယာထည့်မည့် ကိစ္စဆွေးနွေးရမာပါ..."

"Mr.Mark နဲ့လား..."

ငါသက်ပြင်းတစ်ချက်ချလိုက်သည်။ ဒီတွေ့ဆုံမှုက ပေါ့သေးသေးလုပ်လို့မရ...အလေးအနက်ထားရမည်ဖြစ်ကြောင်း ငါ့ကိုယ်ငါ သတိပေးလိုက်သည်။ ဘာလို့ဆို mark ဟာ ကုမ္ဗဏီရဲ့ ရှယ်ယာ တစ်၀က်ကို ပိုင်ထားတဲ့သူဖြစ်ပြီး ရှယ်ယာ၀င်ထဲမာလဲ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့သူဖြစ်သည်။ ဒါ့အပြင် ပါးရဲ့သူငယ်ချင်းသား ဖြစ်တဲ့အတွက် တစ်ခုခုမှားယွင်းသွားတာနဲ့ ပါးမျက်နှာပျက်ရမာ အသေအချာပင်...။

The last hope Where stories live. Discover now