Unicode
" ကျွန်တော် ပေါင်ပေါင်းကို မေ့လိုက်တော့မယ် "
ပြောလိုက်တာနဲ့ မျက်ကလဲ
ဆန်ပြာဖြစ်သွားတဲ့ လူက...။" ဘာ..ဘာလို့လဲ "
" ပေါင်ပေါင်း ကျွန်တော့်ကို ချစ်လား "
ချစ်လားမေးတော့ကျ ပြန်မဖြေပါ ။ တစ်ခါမှ !
" တွေ့လား ပေါင်ပေါင်းမှာ အဖြေမရှိပါဘူး "
" ကိုယ်..."
" ကျွန်တော် ဆက်မချစ်ချင်တော့ဘူး
တစ်ဖက်သတ်အချစ်က ပင်ပန်းလာပြီ "တစ်ယောက်တည်း သွားပြီး
တစ်ယောက်တည်း ပြန်လာရတဲ့
မေတ္တာတွေက ဘာအကျိုးရှိမှာလဲ ?တချိန်ချိန်မှာတော့ အဆုံးသတ်ရမှာပဲ ။
စောတာနဲ့ နောက်ကျတာလေးပဲ ကွာမယ် ။" ကျွန်တော် ဆုံးဖြတ်ပြီးပြီ
ပေါင်ပေါင်းကို မချစ်တော့ဖို့ ""........."
" ဒီနေ့ကစပြီး ကျွန်တော် ပေါင်ပေါင်းနောက်
တကောက်ကောက်လျှောက်မလိုက်တော့ဘူး
မလိုချင်တဲ့ ဂရုစိုက်မှုတွေလဲ မပေးတော့ဘူး "".........."
" ပေါင်ပေါင်း...မဟုတ်ဘူး ! ရှောင်းကျန့်
ကျွန်တော် ခင်ဗျားကို မချစ်တော့ဘူး ! ! ! "မျက်စိစုံမှိတ်အော်ပြီးတဲ့နောက်မှာ
တိတ်ဆိတ်သွားခဲ့တဲ့ လောကကြီးက
ခဏတာ ငြိမ်သက်သွားတယ် ။ ဒီလိုနဲ့ပဲ
အရာအားလုံး ပြီးတော့မယ်လို့ ထင်ရတယ် ။" လွယ်ပါ့မလား "
"......."
" မင်း ကိုယ့်ကို မေ့ဖို့ "
" ရှစ်ထ် ! "
အရှိုက်တည့်တည့်ကို ဆောင့်ကန်ချလိုက်သလို
ခံစားရတယ် ။ ဘယ်လိုတောင်မေးထွက်ရက်လဲ ?
ဒီအကြင်နာတရား တစိမှမရှိတဲ့ crush ကတော့ !" လွယ်..လွယ်တော့ မလွယ်ဘူးပေါ့
ဒါပေမဲ့လဲ ကျွန်တော် ရအောင် မေ့မှာ "" သေချာလား "
" သေချာတယ် ! ပေါင်း ကျစ် ! ဒီပါးစပ်ကလဲ ! "
အကျင့်ပါနေတာ ဖျောက်မရသေးတာကြောင့်
ကိုယ်လက်နဲ့ကိုယ် နှစ်ချက်လောက်ရိုက်မိတယ် ။
YOU ARE READING
Are You Sure ?
Fanfictionဟားဟား move on တာလေးများကွာ ! ဟားဟား move on တာေလးမ်ားကြာ !