2.2

348 86 22
                                    

Unicode

" မက်မွန်သီးလေး ~ "

ဝိုင်းစက်စိုအိနေတဲ့ ပုံသဏ္ဌာန်နဲ့ ကိုက်ချလိုက်ရင်
အရမ်းကိုမှ အရသာရှိ...ဖွီး အဟွတ် ! အဟွတ် !

" ဘာကြီးလဲ အမွေးတွေ "

ပါးစပ်ထဲ အလုံးအရင်းနဲ့ ၀င်လာတာကြောင့်
မျက်လုံးဖွင့်လိုက်တော့ မက်မွန်သီးလေးလဲ
ပျောက်သွားပြီး ပေစောင်းစောင်း စိုက်ကြည့်
နေတဲ့ ၀က်ဝံရုပ်ကြီးတစ်ရုပ်သာရှိတော့တယ် ။

" နိုးပြီလား "

ဒီအသံချိုချို ? ၀မ်ရိပေါ် ငေါက်ခနဲ ထမိတယ် ။

" ပေါင်ပေါင်း "

" ကိုယ် ဘယ်သူမှန်း သဲကွဲပြီဆိုတော့
အမူးပြေသွားတဲ့ပုံပဲ ဘယ်လိုလဲ
ခေါင်းကိုက်သေးလား "

" ဟင့်အင်း "

၀မ်ရိပေါ် ခေါင်းရမ်းလိုက်မိတယ် ။
မနေ့ညက သူ ဘာတွေ လုပ်ခဲ့တာလဲ ?

[ မကောင်းတဲ့ crush တို့ကို မေ့ပစ်ရေး
အခမ်းအနားကျင်းပမယ် Cheers ! ! ! ]

စန်းယန်နဲ့ အဲ့လိုမျိုးတွေ သောက်ခဲ့ပြီး...။

[ ခေါ်ပေးလို့ ! ပေါင်ပေါင်းကို ဝူးးးဝူးးး  ]

လူမှန်းသူမှန်း မသိအောင် မူးပြီး ငိုတယ် ? !
အဲ့တာကလဲ လမ်းမကြီးမှာ ဓာတ်တိုင်ဖက်ပြီး ? !

ဘယ်လိုတောင် ရှက်စရာကောင်းတဲ့
မှတ်ဉာဏ်ကြီးလဲ ? ! ပြန်စဥ်းစားရုံနဲ့တင်
သေချင်စော်နံလာပြီဖြစ်တယ် ။ ၀မ်ရိပေါ်ရား
မင်း အရက်နောက်တစ်ခါထပ်သောက်ရင် နွားပဲ !

" မှတ်မိပြီလား ညကဟာတွေ "

" ဟင် ဘယ်..ဘယ်ဟာလဲ မ..မမှတ်မိပါဘူး "

" လိမ်တယ် "

" မ..မလိမ်ပါဘူး "

" မင်း လိမ်ရင် ဒီနားရွက်လေးတွေ ရဲလာရော "

သူ့ ညာဘက်နားအား လာထိတဲ့ ရှောင်းကျန့်ရဲ့
လက်ညိုးကြောင့် ၀မ်ရိပေါ် တီကောင်ဆားပက်ခံ
ရသလို တွန့်သွားတယ် ။ ဒါကို သဘောတကျနဲ့
ရယ်နေတဲ့ ရှောင်းကျန့်ဟာ သူ လိမ်ရင် နားရွက်
နီလာတတ်မှန်း ဘယ်လိုသိသွားတာတုန်း ? ! ! !

Are You Sure ?Where stories live. Discover now