Unicode
" တကယ်ကြီး မဆက်သွယ်ဘူးပေါ့လေ "
ပုံမှန်ဆို ဒီချိန် ဖုန်းဆက်နေကျ
ဩရှရှအသံကို မကြားရတာ ၃ ရက်နဲ့မှ
၂ ည ၁၈ နာရီ ၇ မိနစ် ၃၃ စက္ကန့်တောင်ရှိပြီ ။" ဟက် ! အရမ်းတွေ နေနိုင်နေတာပဲ "
weibo မှာလဲ ဘာမှမတင် active now လဲ မပြနဲ့
အဲ့ဒီ့၀မ်ရိပေါ် ဘာဖြစ်ချင်နေတာလဲ ? ဒီလိုနည်းနဲ့
သူ့ဆီက အာရုံစိုက်မှုကို ရယူချင်နေတာလား ? !" စိတ်၀င်စားစရာ မကောင်းလိုက်တာ "
တကယ်ကို စိတ်၀င်စားစရာမကောင်းပေမဲ့
သူ့ကို ဘယ်သူမှ ဒီလိုအချိုးမချိုးဖူးတော့
ရှောင်းကျန့်တစ်ယောက် ထိုင်မရ ထမရ
မျောက်မီးခဲ ဖင်ခုမိသလို ပူလောင်နေတယ် ။သူက နည်းနည်းလေး ဆိုးတယ်ဆိုပေမဲ့
အကြင်နာပျက်ချင်လောက်အောင်တော့
မဟုတ်သေးပါဘူး ။ တစ်ဦးတည်းသော
သားလေးမို့ အလိုလိုက်ခံရပြီး ကြီးလာတဲ့
ရှောင်းကျန့်ဘ၀မှာ မရဘူးဆိုတာ မရှိခဲ့ဘူး ။အဲ့ထဲမှာ ၀မ်ရိပေါ်လဲ အပါအ၀င်ပဲ !
[ ဟယ်လို ရိုင်ရယ်လ် ]
သူ့ အသံကြားတာနဲ့ ရွှင်မြူးသွားတဲ့
ကျောင်းကောင်စီ ဥက္ကဌဟာ အရင်လို
သူ ဘာခိုင်းခိုင်းလုပ်ဖို့ အဆင်သင့်ရှိဆဲပဲ ။[ မင်းတို့ ဒီအပတ်ထဲ ကျောင်းသားဟောင်း
တွေ့ဆုံပွဲလုပ်ဖို့ အစီအစဥ်များ မရှိဘူးလား ]မရှိလဲ အခု စီစဥ်လိုက်တော့ဆိုတဲ့
အရိပ်မြွက်ကို သူ ထည့်ပြီး မပြောလဲ
ရိုင်ရယ့်လ်လို ပါးနပ်တဲ့လူက သိမှာပါ ။[ တကယ်လို့လေ တွေ့ဆုံပွဲ လုပ်ဖြစ်ခဲ့ရင်
ဂျူနီယာတန်းကဟာတွေရော ဖိတ်ပေးနော်
သိတယ်မလား လူစုံမှ ပျော်ဖို့ကောင်းတာကို ]အထူးသဖြင့် ဂျူနီယာတန်းက
ဟိုတစ်ယောက်ပါ လာခဲ့ရင်ပေါ့ ![ ဘာကြီး တနင်္ဂနွေ ]
ရှောင်းကျန့် လက်ချိုးရင်း ရေတွက်လိုက်တော့
ဒီနေ့မှ ကြာသပတေး ! ဆိုတော့ သုံးရက်အလို ?[ ကောင်းပြီ အာ့ဆိုလဲ အဲ့နေ့ကို စီစဥ်လိုက် ]
ဖုန်းချလိုက်ပြီးတာနဲ့ ကောင်းသွားသလိုရှိတဲ့
စိတ်အခြေအနေက သူ့ကို အ၀တ်စားသစ်တောင်
ထ၀ယ်ချင်စိတ်ကို ဖြစ်လာစေတယ် ။ ဒါကြောင့်
ချက်ချင်း ကားသော့ကို ကောက်ယူလိုက်ရင်း
မြှောက်ဆော့မိကာ ပြန်ဖမ်းလိုက်တယ် ။
YOU ARE READING
Are You Sure ?
Fanfictionဟားဟား move on တာလေးများကွာ ! ဟားဟား move on တာေလးမ်ားကြာ !