5.5

326 85 54
                                    

Unicode

ထထွက်သွားတဲ့ ၀မ်ရိပေါ်နဲ့ ရှောင်းကျန့်အား
ကြည့်ရင်း အခြေအနေသိချင်တာကြောင့်
ရိုင်ရယ်လ်တစ်ယောက် စန်းယန်ဆိုတဲ့
ဂျူနီယာလေးအ​နား ကပ်လိုက်မိတယ် ။

" သူတို့က ဘယ်လိုဆက်ဆံရေးမျိုးလဲ "

" အင်း ~ ငါ့အပိုင်လိုလိုနဲ့ ငါ့အပိုင် မဟုတ်တဲ့
ငါ့အပိုင်ထင်ရတဲ့ ဆက်ဆံရေးလို့ပြောရမလား "

" ဟမ် ? "

စန်းယန် စီနီယာ့အား
ခေါင်းညိတ်ပြမိတယ် ။

သွားရှုပ်လို့တော့ မရဘူး ။ သူတို့ဟာနဲ့
သူတို့တောင် အတော် ရှုပ်နေပြီးသားမို့ !
.
.
.
.
.
.
.
.
.
.
" နိုင်တယ် ! မင်း နိုင်တယ် !
မင်းနိုင်တာမို့ ရပ်လိုက်တော့ "

" ဘာကိုလဲ "

" ကိုယ့်ကို သ၀န်တိုအောင် လုပ်ချင်တာဆို
မင်း ရည်ရွယ်ချက် လုံး၀ အောင်မြင်တယ်
ဟုတ်ပြီလား ဒါကြောင့် ရပ်လိုက်တော့ "

ရှောင်းကျန့် ၀မ်ရိပေါ်ကို အလေးအနက်
စိုက်ကြည့်လိုက်မိတယ် ။ သူမသိတော့ဘူး ။
တချိန်လုံး အပျော်အပျက်လုပ်နေရာကနေ
အတည်ပေါက်ကြီး နစ်၀င်သွားလိမ့်မယ်လို့
သူ တကယ် မတွေးထားခဲ့မိဘူး ။ ၀မ်ရိပေါ်
ဒီကောင်လေးကို သူ ဘယ်အချိန်က စကြိုက်
နေခဲ့တာလဲ ? အစောက သူ့ ခေါင်းတစ်ခုလုံး
ထူပူပြီး သွေးတွေ နောက်ပြန်စီးသွားသလား
ထင်ရတဲ့ သ၀န်တိုမှုမှာ သေချာသွားစေတယ် ။

သူ ၀မ်ရိပေါ်ကို သဘောကျနှင့်ပြီးပြီ !

" တွဲကြမယ် ဟိုမကျ ဒီမကျဖြစ်နေတာတွေ
အားလုံး ရပ်လိုက်ပြီး ကိုယ်တို့ အတည်..."

" ဘယ်သူ့ သဘောနဲ့လဲ "

"........"

" ဘယ်သူက ခင်ဗျားနဲ့ တွဲမယ်လို့ ပြောလဲ "

" မင်း..."

" ရှောင်းကျန့် အခု ခင်ဗျား
ပုံစံဘယ်လိုဖြစ်နေလဲ သိလား
သွေးရူးသွေးတန်းနဲ့ လွတ်တဲ့ ငါးက
ပိုကြီးလို့ ယူကျုံးမရ အော်ဟစ်နေတာ "

"........."

" ဘာလဲ ကျွန်တော့်ကို ခုထိ
ကစားလို့ မ၀သေးတာလား "

You've reached the end of published parts.

⏰ Last updated: Nov 06 ⏰

Add this story to your Library to get notified about new parts!

Are You Sure ?Where stories live. Discover now