Unicode
" Love Shot ! Love Shot ! ! Love Shot ! ! ! "
" ဘာတွေ လျှောက်အော်နေတာလဲ "
ဂိမ်းရှုံးလို့ အပြစ်ပေးတာက အရက်သောက်ရုံကို
ဘာကို Love Shot တွေလာလုပ်ခိုင်းနေတာလဲ ?ရှောင်းကျန့် ငြင်းချင်တာကြောင့်...။
" ဒီက ညီမလေးကို အားနာ..."
" ဟို စီနီယာ ~ "
ကောင်းမွန်တဲ့ အကြောင်းပြချက်ရှာနေတုန်း...။
" ညီမက ရပါတယ် "
ရုတ်တရက် ထွက်လာတဲ့ သဘောတူညီမှုက...။
" Love Shot ! Love Shot ! Love Shot ! "
ဆူညံသံတွေကို ထပ်လှုံ့ဆော်လိုက်တာကြောင့်
ရှောင်းကျန့်ဂျင်းထဲကြပ်ထဲ ရောက်သွားခဲ့တယ် ။၀မ်ရိပေါ်ကို လှမ်းကြည့်တော့လဲ သူ
အခြားကောင်မလေးနဲ့ လက်ချင်းချိတ်
Love Shot လုပ်မှာကို ဘာမှမဖြစ်သလိုမျိုး
ထိုင်ကြည့်နေတာကြောင့် ရှောင်းကျန့် ဘ၀င်မကျ
ဖြစ်သွားပြီး Love Shot လုပ်ဖို့လက်ခံလိုက်တယ် ။သိပ်ကို ဟန်ဆောင်ကောင်းနေတယ်ပေါ့ !
သောက်နေတဲ့ တစ်လျှောက်လုံး
မျက်နှာခပ်ရဲရဲနဲ့ ကောင်မလေးဟာ
သူ့အား ကြည့်ရဲသလိုလို မကြည့်ရဲသလိုလို
အထာမျိုးစုံပေးနေသော်လည်း လျစ်လျူရှုရင်း
လက်ထဲက ခွက်ကိုသာ အမြန်မော့လိုက်မိတယ် ။" ဂိမ်းပြောင်းရအောင် "
" ဟမ် "
" Truth or Dare "
ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်
ပုလင်းလွတ်တစ်ခုအား လှမ်းယူပြီး
စားပွဲပေါ် လှည့်လိုက်တော့ တစ်ဝိုင်းလုံး
လှုပ်လှုပ်ရှားရှားတွေ ထဖြစ်ကုန်တယ် ။ပထမတစ်ခါ !
ဒုတိယတစ်ခါ !
တတိယတစ်ခါ !
တစ်ကြိမ်မှ ၀မ်ရိပေါ်အလှည့်ကို မကျဘူး ။
ကြာတော့ ရှောင်းကျန့်လဲ စိတ်ကုန်လာပြီး
ပုလင်းလှည့်တာကို ရပ်ကာ ကစားပွဲမှ
ဘေးထွက်နေလိုက်တယ် ။ ဆက်ပြီး
ကစားပွဲကို ဦးဆောင်တာကတော့
ပွဲစီစဥ်သူဖြစ်တဲ့ ရိုင်ရယ်လ်ပါပဲ ။
YOU ARE READING
Are You Sure ?
Fanfictionဟားဟား move on တာလေးများကွာ ! ဟားဟား move on တာေလးမ်ားကြာ !