အပိုင်း ၁၇ ။ သခင်လေးယန်၏ကမ်းလှမ်းချက်

251 40 0
                                    

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

October 12, 2024

အပိုင်း ၁၇ ။ သခင်လေးယန်၏ကမ်းလှမ်းချက်

ချန်းယန်သည် အမျိုးသမီးနှစ်ယောက်လုံး၏ဒေါသဆုံမှတ်ဖြစ်လာခဲ့တာကြောင့် သူသည်လည်း သူ့ဒေါသကိုဆက်ပြီး မထိန်းသိမ်းထားနိုင်တော့ပေ။

သူက လက်ကိုမြှောက်လိုက်ပြီး ကျောက်ဝမ်မန့်ကို ပြန်ရိုက်ချလိုက်ကာ၊ “ခွေးမ၊ မင်းကမှ ငါ့ကိုဆွဲဆောင်ခဲ့တဲ့လူလေ။ မင်းကသာ ဥက္ကဌရာထူးနဲ့ကမ်းလှမ်းခဲ့တာ!”

ကျောက်ဝမ်မန့်မှာ အလွန်အရှက်ရသွားကာ မျက်နှာတစ်ခုလုံးအရောင်မျိုးစုံပြောင်းလဲလာတော့သည်။ သူမက အံတင်းတင်းကြိတ်ပြီး ချန်းယန်ကိုကျိန်ဆဲတော့သည်။ “ချန်းယန်၊ အရှက်မဲ့တဲ့အမှိုက်ကောင်! နင်သာ ရှောင်လင်းယွီကို တကယ်ချစ်တယ်ဆိုရင် ငါဆွဲဆောင်ရုံနဲ့ ကျဆင်းလာစရာအကြောင်းကိုမရှိဘူး။ တကယ်တော့ နင်ကသာ သူတော်ကောင်းယောင်ဆောင်နေတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လောဘသမားပဲ! ဒါကိုတောင် နင်ကဘယ်သူ့ကိုလာအပြစ်တင်နေတာလဲ?”

လူတိုင်း၏အကြည့်များက ချန်းယန်နှင့်ကျောက်ဝမ်မန့်အပေါ်စုပုံနေကြသည်။ ထိုစုံတွဲတစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြပြီပင်။

“ဘယ်လောက်တောင်အံ့ဩဖို့ကောင်းတဲ့ရှိုးပွဲလေးလဲ!” မီးတောက်က လုံလောက်အောင်မတောက်လောင်သေးသလိုမျိုး ယန်စစ်မင်က အပြုံးတစ်ပွင့်ဖြင့် ချဉ်းကပ်လာပြန်သည်။ ထို့နောက် သူက ရှောင်လင်းယွီ၏ပုခုံးများကို သိုင်းဖက်လိုက်သည်။ ရှောင်လင်းယွီရုန်းချင်သော်လည်း တစ်ဖက်လူကို နည်းနည်းလေးတောင်မှ မလှုပ်ရှားသွားစေနိုင်ပေ။ ထို့ကြောင့် နောက်ဆုံးရှောင်လင်းယွီလည်း ယန်စစ်မင်ကို လွှတ်ပေးထားလိုက်ရတော့သည်။

ယန်စစ်မင်က ရှောင်လင်းယွီ၏နားနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ သူ့နှုတ်ခမ်းမှထွက်လာသည့် လေပူငွေ့များကြောင့် ရှောင်လင်းယွီ၏မျက်နှာကိုပင် အနည်းငယ်နီမြန်းသွားစေခဲ့သည်။

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်Where stories live. Discover now