chapter (4)

814 67 13
                                    

အကယ်၍ သူ့ဆုတောင်းတွေကို ဘုရားကလျစ်လျူရှုမယ်ဆိုရင်ရော သူက ဒီကောင်လေးကို လက်လွှတ်ပေးလိုက်ရမှာလား။သူဆိုတဲ့ လူက ဒီတိုင်းလွှတ်ပေးနိုင်မယ်ထင်လား။သူဟာဘယ်သူလဲ Pond Naravit လေ အချစ်က သူ့ဆီမှာ မရှိခင်က သူက ဘယ်သူ့ကိုမှ စိတ်ထဲမထား သူနားကပ်လာ၍ တွဲချင်တယ်ဆိုရင် တွဲပေးလိုက်တဲ့ သဘောမျိုးသာ။အခု အချစ်ဆိုတာက သူ့ဆီ‌မှာဖြစ်‌ပေါ်လာပြီမို့ သူက ဒီတိုင်း လွှတ်မပေးနိုင်။

Pond Naravit ရဲ့ ဘဝမှာ ဘယ်သူ့ကိုမှမချစ်လာနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ပထမနှစ်ကျောင်းသားလေးတစ်ယောက်ကို တကယ်ချစ်မိသွားခဲ့သည်။သူနဲ့အများကြီး ကွဲထွက်တဲ့ကောင်လေးတစ်ယောက်ကိုပေါ့။

"ရုပ်ဆိုးကောင်" ဟုတ်ပါတယ် သူသဘောကျရတဲ့ ကောင်လေးကို အကုန်လုံးက ရုပ်ဆိုးကောင်လို့ ကဲ့ရဲ့ကြသည်။သူတို့အခုလိုမျိုး အလှတရားကို မမြင်ကြတော့ သူ့မှာစိတ်ချရသည်။

ပြုံးလိုက်ရင်အသက်ဝင်လာတဲ့ မျက်လုံးဝိုင်းလေးတွေ၊နှာတံသွယ်သွယ်လေး၊ပိန်ပေမယ့် နူးညံ့ပြီး ကိုင်ပြီးရင် မလွှတ်ချင်ပေမယ့် ပါးလေးတွေ၊ သူအကြိုက်ဆုံးက နှုတ်ခမ်းပါးလေး ဘာအရောင်မှ မဆိုးထားပေမယ့် နှုတ်ခမ်းပါးရဲရဲလေးက နမ်းချင်စရာ ကောင်းလွန်းသည်။

ဘယ်မိန်းကလေးမှ မယှဉ်နိုင်တဲ့အရာပေါ့။ဒါပေမယ့် ဒီချစ်စရာနတ်သားကောင်လေးကို လူတွေက ရုပ်ဆိုးတယ်ပြောကြတယ်။ဘယ်လိုပဲပြောပြော သူကဘာမှဝင်ပြောမှာမဟုတ်ဘူး သူ့အတွက်က ဒီလူသားလေးကို ဘယ်သူကမှစိတ်မဝင်စားလေ အကောင်းဆုံးမို့။

အခုလဲ သူ့ကို စိတ်နာကာ ကားပြတင်းပေါက်မှန်ဘက်ကိုပဲ ကြည့်နေတဲ့ကောင်လေးက တကယ်အလှလေး မျက်မှန်မတတ်ထားတော့ မျက်လုံးလေးတွေဟာ တောက်ပနေသည်။မိဘတွေနဲ့နေလို့ဖောင်းလာတွေပါးလေးတွေကလဲ တစ်ခါနမ်းပြီးရင် မခွာချင်လောက်အောင် နူးညံ့နေမှာသေချာသည်။

အတင်းစိထားတဲ့နှုတ်ခမ်းပါးလေးကတော့ သူတစ်ဘဝလုံး မလွှတ်တမ်း နမ်းရှိုက်ခွင့် အရချင်ဆုံးအရာလေးပေါ့။

သူ့ကြောင့် ငိုနေတာ မြင်ရတော့ စိတ်မကောင်းရပေမယ့် တစ်ဆက်တည်းမှာပဲ သူ့ကိုချစ်ပေးခဲ့တာပါလား တွေးမိတော့ ပြုံးမိသွားပြန်သည်။

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now