chapter (5)

767 65 16
                                    

အိပ်ရာကနိုးလာတော့ ညက ပတ်ထားတဲ့ စောင်ပုံထဲမှာ မဟုတ်တော့ပဲ ‌တစ်‌ယောက်ယောက်ရဲ့ရင်ခွင်ထဲကနေ နိုးထလာတာမို့ မျက်လုံးဖွင့်ကြည့်တော့ သူချစ်ခဲ့ရတဲ့လူ။

ဘာလို့ သူ့ကို ပြန်ဆွဲထားတာလဲ ဆိုတာ သူတကယ် နားမလည်။ တကယ်ဆို သူက ခဏတာ ကစားတဲ့ အရုပ်သာသာပဲမလား။

အခုမှ သေချာကြည့်မိတာ ဒီလူ အရမ်းပိန်သွားတာပဲ။မေးရိုးတွေဆိုတာ ထင်းလို့ နဂိုထဲက ကြည့်ကောင်းတဲ့ မျက်နာဟာ အခုပို၍တောင် ကြည့်ကောင်းလို့လာသည်။ဆံပင်တွေလဲ ညှပ်ထားတာမို့ နဂိုထပ် နှစ်ဆ မဟုတ်ဘူး လေးဆ အင်း တကယ်က အဆပေါင်းများစွာ ကြည့်ကောင်းလာသည်။

အိပ်နေတဲ့ လူရဲ့ ဆံပင်တွေကို ဖွဖွလေး ထိကာသပ်ပေးရင်း မျက်ရည်တွေကျလာရပြန်သည်။ဟူး လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းလိုက်တာ။

ထားခဲ့တော့လဲ နာကျင်ရသည်။ပြန်ဆုံတော့လဲ နာကျင်ရပြန်သည်။တစ်ခါတစ်ရံကျ အချစ်ဟာ နာကျင်ခြင်းပဲလားလို့တွေးမိသည်။

မျက်နာနုနုကို ပွတ်သပ်မိတဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားသွားပေမယ့် ထတော့မလာ။ဒီကြည့်ကောင်းလွန်းတဲ့ မျက်နာ‌က ပြဿနာပဲ ဒါကြောင့် ကောင်မလေးတွေက အသဲအသန်ဖြစ်ကြတာ။

အခန်းအပြင်က တံခါးခေါက်သံကြောင့် သူ့လက်တွေဟာ တုံ့ဆိုင်းသွားတယ်။သူ့ကို ဖက်ထားတဲ့လူကို နှိုးလိုက်သည်။

"Phi Pond တံခါးခေါက်နေတယ် သွားဖွင့်အုံး"

"မသွားဘူး Khun Naraလို့ မခေါ်မချင်း"

"ဒါတွေလုပ်ရမှာ မဟုတ်ဘူးလေ Phi Pond"

"ခေါက်ချင်တာခေါက် တံခါးခေါက်ပြီးသေသွားလဲ သေပေါ့ Khun Nara လို့မခေါ်သရွေ့မထဘူး"

"ဟုတ်ပြီ ဟုတ်ပြီ Khun Nara တံခါးသွားဖွင့်ပေးပါအုံး ပြီးတော့ ဖုန်းလေးပေးပါလား"

Khun Naraဆိုတာနဲ့ ပြုံးကာ သူ့ဖုန်းလဲပေး၍ တံခါးသွားဖွင့်တဲ့လူ။သူဖုန်းနဲ့ အလုပ်များနေတုံး ရယ်သံတွေနဲ့ ဝင်လာတဲ့ လူသုံးယောက်။ရယ်သံတွေထဲ တော်တော်ရင်းနှီးတဲ့ အသံကြားလို့ မော့ကြည့်မိတော့ ထိုလူ့ရည်းစားဟောင်း Mai။ဘေးက Phi Dunk ကတော့ သူ့ကိုပြုံးပြကာနှုတ်ဆက်သည်။

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now