Chapter (16)

995 78 10
                                    

Drama ကားတွေအကြည့်များပြီး စိတ်ကူးယဉ်ခဲ့သလို ယောက္ခမမျိုး မဟုတ်ခဲ့ပဲ စိတ်သဘောထားပြည့်ဝတဲ့ ယောက္ခမျိုးကို ပိုင်ဆိုင်ရတာဟာ အတိတ်ဘဝကုသိုလ် တွေလို့တောင် ထင်မိသည်။

"ဘာတွေစဉ်းစားနေတာလဲ Phu"

"ဘာမှမဟုတ်ဘူး"

ဆိုပြီး သူ့သဘောနဲ့သူ သဘောတကျ ရယ်တဲ့အခါ အလိုမကျဟန်နဲ့ အနားကပ်ကာ ကလိထိုးလာတော့သည်။

"အားး တော်ပြီ ယားတယ် ယားတယ်လို့"

"ချစ်တယ်ပြောရင် လွှတ်ပေးမယ်"

Pond Naravit ရဲ့ အကွက်တွေက အမြဲ သစ်ဆန်းနေတာမို့ သူ့မှာ တအံ့တဩသာ မျက်တောင်ခပ်မိသည်။

"ပြောလေ ချစ်တယ်လို့ မပြောမချင်း ကလိထိုးနေမှာနော်"

"ဟုတ်ပါပြီ ချစ်တယ်နော် ဟောဒီက Phuwin က ဒီက Pond Naravit ကို ချစ်တယ်နော်"

"အမြဲတမ်းချစ်ပေးနော် ကိုကိုကလဲ အမြဲတမ်းPhuထပ်မပိုတောင်မလျော့တဲ့ တစ်ထပ်တည်းကျတဲ့ အချစ်တွေနဲ့ ချစ်ပေးမယ်နော်"

"ဟုတ်ပါပြီ"

စကားအဆုံးမှာ သူ့နှုတ်ခမ်းပေါ်ကျလာတဲ့ နှုတ်ခမ်းတစ်စုံ ဘယ်နှခါနမ်းနမ်း သူ့အတွက်ရိုးမသွားတဲ့ မက်မောရတဲ့ အနမ်းတွေကို ပြင်းပြသော ခံစားချက်တွေနဲ့ အတူ တုံ့ပြန်မိသည်။

နှုတ်ခမ်းတွေက ပခုံးသားကို ကျူးကျော်လာတဲ့အခါ သူကပဲ ကိုယ်ရှိန်သတ်ကာ ရပ်ခိုင်းရသည်။

ဒီလူ တစ်နေကုန် သူ့ကိုပဲ ထိုင်စားဖို့တွေးနေတာလား။

- - - - - - - - - - - - - - -

ပထမအကြိမ်တွေ့ဆုံပြီးတဲ့နောက် ယောက္ခမနဲ့ သူရဲ့ ဆက်ဆံရေးက အတော်လေးကောင်းမွန်လာသည်။အိမ်လာလည်ကာ ညစာစားဖို့ ဖိတ်နေတဲ့ ယောက္ခမရယ် နှစ်ယောက်ပဲ အချိန်ကုန်ချင်ကာ သူ့အနားက မခွာချင်တဲ့ လူရယ်နဲ့ သူဟာ နှစ်ယောက်‌တောင်းဆိုမှုတွေကြား ဗျာများရသည်။

" ကိုကို Nara"

"ပြောလေ Phu"

"အန်တီက အိမ်မှာ ညစာလာစားတဲ့"

"Phu က သွားချင်တာလား အမေ့ကို ကြောက်လို့ သွားမယ်တွေးတာလား"

"မဟုတ်ဘူး သွားချင်တာ ကိုကိုနေခဲ့တဲ့ အိမ်မှာ ကိုကို့ရဲ့ ငယ်ဘဝဓာတ်ပုံတွေကြည့်ချင်တယ် ပြီးတော့ ကိုကိုဘယ်လိုနေခဲ့လဲဆိုတာတွေလဲ နားထောင်ချင်တယ်"

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now