chapter (9)

749 71 8
                                    

မနေ့ကတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောကာ သူ့ကိုမရ ရအောင်လိုက်မယ်ဟု ကြွေးကြော်သွားသော်လည်း နေ့လည် 12နာရီထိ စာမလာ သတင်းမကြားမို့ သူတကယ် စိတ်တိုလာသည်။နောက်တစ်ခါထပ်ပြီး ခံစားချက်တွေ ကစားခံရသည်ဟု တွေးမိတော့ ငိုချင်လာသည်။

"တော်‌ပြီ ဘာမှ မဆက်သွယ်လာနဲ့ ခင်ဗျားကို လုံးဝသဘောမကျတော့ဘူး" စိတ်ပေါက်ပေါက်နဲ့ ဖုန်းကို ကုတင်ပေါ်ပစ်ကာ အိမ်အောက်ဆင်းလာလိုက်သည်။တကယ်ဆို မနက်နိုးတည်းက ဆက်သွယ်လာဖို့ မျှော်နေရင်း ဖုန်းကိုပဲ ကြည့်နေတာမို့ အိမ်အောက်တောင်မဆင်းရသေးလို့ မနက်စာပါ မစားရသေးဘူးး။

"ကျစ် စိတ်ရှုပ်စရာကောင်းတဲ့လူ"

စိတ်ရှုပ်ရှုပ်နဲ့ ရေချိုးခန်းထဲဝင်ရေချိုးလိုက်သည်။ရေချိုးပြီးတဲ့ထိ ဖုန်း screen လေးလင်းမလာတာမို့ လျှော်ထားတဲ့ခေါင်းကိုပဲမှုတ်လိုက်သည်။စိတ်ထဲမှာလဲ ဘာကို မကျေနပ်မှန်းမသိ ဖြစ်နေမိသည်။မိုးပြာရောင်ပေါ်အဝါရောင်ဘဲရုပ်လေးတွေပါတဲ့ pajamas လေးကို ဆွဲထုတ်ကာဝတ်၍ အောက်ဆင်းလာလိုက်သည်။

_________

အောက်ထပ်က ဧည့်ခန်းမှာ ဆူဆူညံညံကြားတာမို့ အိမ်ကိုဧည့်သည်ရောက်နေမှန်းတော့ သိလိုက်သည်။ပုံမကျဖြစ်နေတဲ့ ဆံပင်တွေကို လက်နဲ့ အတင်းပုံပြန်သွင်းကာ အောက်ထပ်ကို ကုတ်ကုတ်လေး ဆင်းလာလိုက်သည်။

ရောက်နေတာသာ အမျိုးတွေဆို နှုတ်ဆက်နေရမှာစိုးလို့ ဒီတိုင်း ဧည့်ခန်းကနေဖြတ်သွားတဲ့ လေပြေလေးလို ဖြစ်စေရန် ခြေလှမ်းတွေနဲ့ ထမင်းစားခန်းကို ဦးတည်လိုက်သည်။

"နိုးလာပြီလား Phu"

မနက်မျက်လုံးဖွင့်ထဲက နားထောင်ချင်မိတဲ့ အသံခပ်ဩဩက အနောက်ကနေထွက်ပေါ်လာတာမို့ ရုတ်တရက် အရမ်းလန့်သွားသည်။မျှော်လင့်တကြီးနဲ့ အနောက်ကို လှည့်ကြည့်တော့ တကယ်ကြီး အိမ်ထဲမှာ သူ့အိမ်သူ့ရာလို လျှောက်သွားနေသည်။

မေမေနဲ့ဖေဖေကလဲ ဒီလျှောက်သွားနေတဲ့လူကို လက်ခံကာ ဘာမှမပြောကြပေ။

"ခင်ဗျား ဘာလုပ်နေတာလဲ"

"ဟိတ်ကောင် မင်းအကြီးကို ဘယ်လိုဆက်ဆံနေတာလဲ"

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now