chapter (12)

662 59 14
                                    

ဒီရက်ပိုင်းနေထိုင်ရတဲ့အချိန်တိုင်းဟာ သူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေပါပဲ။သူ့အနားမှာ ဖေဖေနဲ့မေမေကရှိနေပေးပြီး သူအမြဲ ချစ်ခဲ့ရတဲ့ Pond Naravit ကလဲ သူနဲ့ပဲ အချိန်ကုန်ဆုံးသည်။

Hotel မှာ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေမေက ထိုလူကို အိမ်မှာ လာတည်းဖို့ ခေါ်ထားလိုက်တာမို့ ဒီလူဟာ အပျော်ကြီးပျော်ကာကို လာနေတော့သည်။

"Phu ကို ဖက်မအိပ်ရရင် အိပ်မက်ဆိုးမက်လို့ ဖက်အိပ်မယ်နော်"

ဧည့်သည်ခန်းအလွတ်ရှိတာမို့ အိပ်ပေးဖို့ ပြင်ပေးမယ်ဆိုလဲ လက်မခံ။သူ့အခန်းမှာပဲ တည်းပါ့မယ် အန်တီတို့ ပင်ပန်းမှာစိုးလို့ ဆိုကာ သူနဲ့ လာအိပ်တဲ့ လူကြောင့် သူ့မှာအနေခက်ရသည်။

"အပိုမလုပ်နဲ့ ကျွန်တော်မရှိရင် ဘယ်လိုအိပ်လဲ"

"အဲ့တုံးက အရုပ်ဖက်အိပ်တယ်လေ အခုက Phuရှိတာပဲကို"

"သွားသွား မလိုချင်ဘူး မဖက်နဲ့"

"ဟား Phuက မမိုက်ဘူးကွာ ကိုယ့်မှာ Phu မျက်နာလေးအားကိုးပြီး ဒီအခန်းထဲ အိပ်တာကို ပေးမဖက်ဘူး"

"ဟာ အာ့လိုတွေပြောနေလည်း ပေးမဖက်ဘူးနော်"

"Phu ကိုယ့်ကို အကြမ်းနည်းသုံးစေချင်တာလား"

" - - - "

အကြမ်းနည်းဟာ ဘယ်လိုလဲလို့တွေးနေတုံးမှာ သူ့ခန္ဓာကိုယ်ကို အပေါ်ကနေ အုပ်မိုးလာတာမို့ ရင်ခုန်သံတွေသာ မြန်လာရသည်။နှစ်ယောက်လုံးရဲ့ မျက်နာတွေဟာ အလွန်နီးကပ်နေတာမို့ ဝင်လေထွက်လေများအား ခံစားမိနေသည်။

"ဖယ် - - - ဖယ်အုံးလေ"

"မဖယ်ပါဘူး မဖက်ရရင် အကြမ်းနည်းသုံးမယ် ပြောတယ်လေ"

"‌- - -"

အကြမ်းနည်းတွေ အနုနည်းတွေ သူမသိ။သူသိတာက အခုသူ့ရင်ထဲမှာ သံစုံတီးဝိုင်းဖြစ်နေပြီဆိုတာပဲ။

အတွေးတွေနဲ့ ရင်ခုန်သံတွေကြား ဗျာများနေတုံး နှုတ်ခမ်းဖျားပေါ်ကျလာတဲ့ နွေးထွေးမှု။မနမ်းရတာကြာမှ ဒီအနမ်းတွေဟာ ပိုချိုမြိန်လာသလို။သူ့စိတ်ကို တင်းထားပါသော်လည်း ဒီအနမ်းတွေမှာ သူဟာ အလိုလို စီးမြောမိပြန်သည်။

 Colorblind ✅✅ ||𝙿𝚘𝚗𝚍𝙿𝚑𝚞𝚠𝚒𝚗||Where stories live. Discover now