အပိုင်း (၁)

871 105 15
                                    

"အာ ဆော်ရီး"

အလျင်လိုနေမှုနဲ့အတူ ရထားထဲကအထွက် အနောက်နားမှာရပ်နေတဲ့သူရဲ့ ခြေထောက်ကိုတက်နင်းမိတာကြောင့်
ဆောင်းဟွန်း အမြန်တောင်းပန်လိုက်သော်လည်း ဆောင်းဟွန်းရဲ့ တောင်းပန်စကားသံမဆုံးခင် ပြန်ပိတ်သွားတဲ့ automatic တံခါးကြောင့် သက်ပြင်းသာချလိုက်ရပါတော့သည်။

အထဲမှာ ကျန်ခဲ့တဲ့သူက ဆောင်းဟွန်းကို မကျေနပ်ကြောင်း သိသာနေတဲ့မျက်နှာပေးနဲ့ ရထားရွေ့လျားရာအတိုင်း ပါသွားတာမို့ ဆောင်းဟွန်း စောစောစီးစီး စိတ်ညစ်သွားရသည်။

ဆောင်းဟွန်းက အမြဲတမ်းကိုယ့်အပေါ် လူအများအမြင်ကို ဂရုစိုက်တတ်တဲ့သူမျိုး။ ဒီနေ့တနေ့လုံး ရထားထဲကလူရဲ့ မျက်နှာကို မေ့ပါတော့မလား ဆိုတဲ့ စိတ်နဲ့ မနက်ခင်းတွေက အကျည်းတန်ကုန်ပါပြီ။

Control Center မှတဆင့် ဘူတာတစ်လျှောက်တပ်ဆင်ထားသည့် စပီကာမှ ကြေညာသံတချို့နဲ့အတူ ဆောင်းဟွန်း လက်ရှိ အခြေအနေကို ပြန်သတိထားမိသွားရသည်။

ပြီးခဲ့တာတွေကို ပြန်ပြင်လို့မရတော့တာကြောင့် ရွှေရောင်နာရီပတ်ထားတဲ့ လက်တဖက်နဲ့ မျက်လုံးရှေ့အုပ်ကျလာတော့မည့် ဆံပင်အနက်ရောင်တို့ကို သပ်တင်ရင်း မနက်ခင်းကို ရှေ့ဆက်ဖို့သာ ပြင်လိုက်ရသည်။

ပုံမှန် လူများတဲ့ Public transportation အသုံးပြုတဲ့သူမဟုတ်ဘူးဆိုပေမယ့် မနေ့ညက အဖြစ်အပျက်ကို တွေးမိရင် ဆောင်းဟွန်းခေါင်းတွေအများကြီး ကိုက်ရပါသည်။

"PDကြီး Morneeပါ။"

ဆောင်းဟွန်းရုံးကို ရောက်တာနဲ့ ဌာနကိုမဝင်ခင် Company Lobby က ကော်ဖီစက်မှာ ကော်ဖီ‌ယူနေတုန်း နှုတ်ဆက်သွားတဲ့ တချို့ကို လက်အသာကာပြလိုက်သည်။

"PDကြီးးးး!"

နည်းနည်းလေးကျယ်တဲ့ အော်ခေါ်သံနဲ့ အနားကိုလှစ်ခနဲရောက်လာတဲ့ လူကြောင့် ဆောင်းဟွန်း မော့လက်စ ကော်ဖီမသီးအောင် ဂရုစိုက်လိုက်ရသည်။

"ယန်းဂျောင်ဝန်း ငါနဲ့ ၃ပေအကွာမှာ ခဏရပ်နေစမ်းပါ ငါမင်းအသံမကြားချင်ဘူး ခေါင်းကိုက်တယ်"

I'm Still Into YouWhere stories live. Discover now