-မင်းသိပ်စိတ်ပူရအောင်လုပ်တာပဲ လာခေါ်လိုက်မယ်-
ခပ်ပြတ်ပြတ်ပြောထားတဲ့ စကားလုံးလေးတွေ ဆိုပေမယ့် ဆောနူ အူယားလို့ နှုတ်ခမ်းလေးကိုက်လိုက်မိတဲ့အထိ အစွမ်းရှိပါသည်။
ဖေဖေနဲ့မေမေက ဆောနူငယ်ငယ်လေးတည်းက နိုင်ငံပေါင်းစုံ မြို့ပေါင်းစုံပတ်နေသည့် စုံတွဲဖြစ်တာကြောင့် ငယ်ငယ်တည်းက အကျင့်ပါနေသည့် ဖေဖေမေမေရဲ့ သွေးသားလေး ဆောနူဟာ အချိန်ရရင် ရသလို နေရာအသစ် မုန့်ဆိုင်အသစ် ပေါင်းစုံကို လျှောက်ပတ်နေတတ်သည့် ဝါသနာပါလာသည်။
ပုံမှန်လည်း တစ်ယောက်တည်းသွားနေတာ ဆိုပေမယ့် ဒီနေ့မှ ရာသီဥတုမကောင်းတာကြောင့်ရော အသစ်ထုတ်စီးလာတဲ့ ဖိနပ်ဖြူဖြူလေး ညစ်ပတ်သွားမှာစိုးတာကြောင့်ရော အိမ်ပြန်ဖို့အနည်းငယ်အခက်တွေ့နေရသည်။
ကိုကို့ဆီ မိုးရွာရင်အိမ်ပြန်ဖို့ အလွန်ပျင်းကြောင်း အထွန့်တက်မိတော့ ချက်ချင်းလာခေါ်မယ်ဖြစ်သွားတဲ့အတွက် ဆောနူပျော်နေမိသည်။
ဆောနူရောက်နေတဲ့နေရာနဲ့ ဆောင်းဟွန်းရှိနေတဲ့နေရာဟာ သိပ်ဝေးပုံမရတာကြောင့် ၁၀ မိနစ်ဝန်းကျင်တွင် ထီးတစ်ချောင်းနဲ့ကားပေါ်ကဆင်းလာတဲ့ ဆောင်းဟွန်းကိုလှမ်းတွေ့နေရသည်။
အနားကိုရောက်လာတာနဲ့ ဆောနူလက်ကိုလှမ်းဆွဲကာ ထီးအောက်ဆွဲခေါ်ပစ်တာမို့ ချော်လဲသွားမှာစိုးရိမ်တာကြောင့် ဆောင်းဟွန်းလက်မောင်းကို တွဲခို၍ အံ့ဩတကြီးမော့ကြည့်မိသည်။
"ဖြည်းဖြည်းလုပ်ပါ ကိုကိုရဲ့"
ဘာစကားမှပြန်မပြောပဲ ကားတံခါးကိုဖွင့်ကာ ဝင်ခိုင်းနေတာကြောင့် ဆောနူတိတ်တိတ်လေးသာ ဝင်လိုက်ရသည်။ မျက်နှာသိပ်ကြည်ပုံမရတဲ့ ဆောင်းဟွန်းကြောင့် ခုနက စိတ်လှုပ်ရှားနေတဲ့ ဆောနူစိတ်လေးတွေလည်း လေထဲပျောက်သွားရပြီဖြစ်သည်။
"နောက်တစ်ခါ မိုးချုပ်တဲ့အထိ အပြင်မသွားနဲ့"
ဆောနူ နားမလည်သလို တချက်လှည့်ကြည့်ရင်း
"ဘာလို့များလဲ"
"ကိုယ်မအားလို့ လာမကြိုနိုင်ရင် မင်းဘယ်လိုလုပ်မလဲ"
YOU ARE READING
I'm Still Into You
FanfictionEveryone says first love never fades away and it's true. (Mini Story)