"ဆောင်းဟွန်းနား ငါ့ကို ဒီနေရာလေးကူညီပေးပါဦး"
ပထမကြားလိုက်ရတဲ့အသံကြောင့် ဆောနူ stage setting အတွက် ပြင်ဆင်နေရင်း နှာခေါင်းရှုံ့မိသွားသည်။
"ဆောင်းဟွန်းနား ဒါလေးက ဘာပြောချင်တာလဲ ငါသိပ်နားမလည်လို့"
"ဆောင်းဟွန်းနား ငါလုပ်နိုင်ပါ့မလားဟယ်"
"ဆောင်းဟွန်းနား"
နားထဲသို့အလွန်အကျွံလျှံဝင်လာသည့် "ဆောင်းဟွန်းနား" ခေါ်သံကြောင့် ဆောနူ ဒီတခေါက်တော့ ဆံပင်လေးတွေခါထွက်သွားတဲ့အထိ မကျေမလည်လှည့်ကြည့်မိလိုက်သည်။
ဧက္ကမဟာဒေါသပတ်ဆောင်းဟွန်းရဲ့ ပြသာနာကိုဖြေရှင်းလိုက်တာတောင် ဆောနူတို့ရဲ့ ပြဇာတ်အသင်းရဲ့ ပြသာနာကမပြေလည်သွားသေးဘူး။ ယူးလ်ရဲ့ချစ်သူမိန်းကလေးနေရာကို တာဝန်ယူထားတဲ့ သရုပ်ဆောင်ကောင်မလေးဟာ ရုတ်တရက်ကြီး နှုတ်ထွက်သွားသည်။
ထုံးစံအတိုင်း ပတ်ဆောင်းဟွန်း သောင်းကျန်းတာကိုလည်း တဖွဲ့လုံး နှစ်ရက်လောက်သည်းခံပြီးတဲ့အချိန်မှာ အဖွဲ့ထဲကလူတွေ ခဏခဏပြောလွန်းလို့ ဆောနူနားထဲထိ ပြည့်နေအောင် ကြားဖူးနေတဲ့ တက်သစ်စမင်းသမီးလေး အွန်းဘီက တက္ကသိုလ်အသင်းဟောင်းကို ကူညီပေးမယ် ခေါင်းစဉ်နဲ့ ပြန်ရောက်လာခဲ့သည်။
အချိန်သိပ်မကျန်တော့တဲ့ သူတို့ပြဇာတ်အတွက် အခုလိုလာကူညီပေးရဲတဲ့ အွန်းဘီက ပညာရှင်မျက်စိနဲ့ကြည့်ရင် တကယ်ကိုမှ တော်တဲ့ မိန်းကလေးတစ်ဦးမှန်းသိသာတာကြောင့် ဆောနူအစကတော့ ဝမ်းသာမိပါသည်။
အခုအခြေအနေကတော့ ဆောနူရဲ့သည်းခံနိုင်စွမ်းအား ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ စမ်းသပ်နေသည့် အွန်းဘီရဲ့ "ဆောင်းဟွန်းနား" ခေါ်သံကို ထပ်နားမထောင်ချင်တော့ပါ။
တပြင့်လူတွေနဲ့ဆို ခြင်္သေ့ကြီးလိုတဟိန်းဟိန်းလုပ်နေကျ ပတ်ဆောင်းဟွန်းက မင်းသမီးနဲ့တွေ့တဲ့အချိန်မှာ တဟီးဟီးတဟားဟားလုပ်နေတာ တရားတယ်လို့ ထင်ကြရဲ့လား။
"ဒါလေးတွေသယ်ပြီး ဟိုဘက်မှာ ကူထားပေးပါဦး အငယ်လေးရယ် အိုက်ဂူး လိမ္မာတယ်။"
YOU ARE READING
I'm Still Into You
FanficEveryone says first love never fades away and it's true. (Mini Story)