အပိုင်း (၄)

458 92 9
                                    

ဆောင်းဟွန်း ဒီမနက် lockerထဲမှာ ယူစရာရှိလို့သွားယူရင်း ဇာတ်ညွှန်းစာအုပ်လေးတအုပ် တွေ့ခဲ့သည်။

သူတို့လက်ရှိ ပြဇာတ်ရဲ့ ဇာတ်ညွှန်းမို့ ဘယ်သူ့ဟာလဲ ဆိုတဲ့အတွေးနဲ့ စာအုပ်ကိုလှန်ကြည့်တော့ marker pen အစိမ်းနုရောင်လေးနဲ့ အထဲက စာသားတွေအား တချို့နေရာလေးတွေ ထပ်ဖြည့်ပြင်ဆင်ထားတာလေးတွေရှိသလို အခန်းတချို့ကိုလည်း ထပ်ဖြည့်ထားသည်။

ဆောင်းဟွန်းတအုပ်လုံး ကုန်အောင်မဖတ်ရသေးပေမယ့် သူပြသာနာဖြစ်နေတဲ့ ဇာတ်ဝင်ခန်းနေရာကို သိချင်စိတ်နဲ့ ကျော်ကာလှန်ဖတ်တော့ တကယ်ကြီး စာသားတချို့ပြင်ကာ ထပ်ဖြည့်ထည့်ထားတာတွေရှိနေသည်။

ဆောင်းဟွန်းလိုချင်တဲ့ အနေအထားကို ရောက်မသွားသေးဘူးဆိုပေမယ့် ဒီလူသာဆိုရင် သူ့ကိုနားလည်ပေးလိမ့်မလား ဆိုတဲ့ စိတ်ကြောင့် ဒီစာအုပ်ပိုင်ရှင်ကို ဘယ်သူလဲ တွေးနေမိသည်။

ဒါပေမယ့် workshop ကို နေ့တိုင်းနီးပါး မပျက်မကွက်လာကြည့်နေသည့် ဆောနူကိုမြင်တော့ ဆောင်းဟွန်း တကူးတကတွေးစရာမလိုပဲ အဖြေပေါ်လာတာကြောင့် မေးလိုက်မိသည်။

"ဆောနူကျတော့ ကိုယ့်ကို နားလည်လို့ locker ထဲ စာအုပ်လာခိုးထည့်သွားတာလား"

"အာ မိသွားတာပဲ"

ထင်ထားသလိုပင် နှုတ်ခမ်းဖူးဖူးလေးများ ပွင့်ကာ အံ့ဩပြလာသည့် ဆောနူကြောင့် ဆောင်းဟွန်း ရယ်လိုက်ကာ အခန်းထဲက ပစ္စည်းတချို့ကို သိမ်းဆည်းနေလိုက်သည်။

"ယူးလ်ရဲ့စိတ်ထဲကို ဝင်ကြည့်ဖူးလား"

ပြဇာတ်ထဲက အဓိက ဇာတ်ကောင်ရဲ့နာမည်ကို ထုတ်ပြောလာတာမို့ ဆောင်းဟွန်းလှည့်ကြည့်မိလိုက်သည်။

"သူကိုယ်တိုင်တောင် တအားစိတ်ရှုပ်ထွေးနေတဲ့ ကာရိုက်တာကို စီနီယာဘက်က ဒီတိုင်းထိန်းချုပ်လို့ဘယ်ရပါ့မလဲ"

"ဘာပြောချင်တာလဲ"

ဆောနူက သူထိုင်နေတဲ့နေရာလေးကနေ ခြေလှမ်းသုံးလှမ်းလောက်အကွာက ဆောင်းဟွန်းနား ကပ်လာပြီးနောက်

"ဥပမာ ဒီလိုအခြေအနေမျိုးမှာ ယူးလ်သာဆိုရင် ဘာတွေးနေမလဲ"

ဆောင်းဟွန်းမျက်ခုံးတွေပင့်တက်သွားကာ သူ့ဘေးတဝိုက်၌ ဟိုဘက်ဒီဘက်လမ်းလျှောက်နေသည့် ဆောနူကို ကြည့်နေမိပါတော့သည်။

I'm Still Into YouWhere stories live. Discover now